17

4.2K 319 17
                                    

Yoongiငြိမ်သက်နေတဲ့အလောင်းကောင်အားတွေဝေစွာကြည့်ရင်းငိုမိသည်။သူ့ကိုမှဘာလို့လဲနားမလည်နိုင်ဘူး....

"Namjoon အကိုတောင်းပန်ပါတယ်"

"Hyungလို့ပဲခေါ်ပါရပါတယ်....ပြီးတော့မတောင်းပန်နဲ့...ဒီကိစ္စကငွေပေးလိုက်ရင်ရတယ်....သူကအရင်ကြံတာကို"

"ကျနော့်ကြောင့်Hyung...တကယ်တောင်းပန်ပါတယ်"

မျက်ရည်တွေဆက်တိုက်ကျရင်းပြောလာတဲ့အကောင်ပေါက်ကြောင့်Namjoonသက်ပြင်းချမိသည်။JkကိုJinမွေးနေ့အတွက်ပစ္စည်းတွေဝယ်ချင်လို့လာဆွေးနွေးတာကို...အိမ်ထဲကအော်သံကြောင့်အိမ်ပေါ်တက်လာမိတာပင်...အခန်းထဲအပေါ်ပိုင်းအဝတ်မရှိတော့ပဲငိုယိုကာရုန်းကန်နေတဲ့လူကြောင့်ချက်ချင်းပြေးဝင်မိသည်။အပေါ်ကလူအားဆွဲဖယ်တော့သူတို့ကောင်းကောင်းသိတဲ့အိမ်တော်ထိန်း... ဒေါသနဲ့အတူဆွဲထိုးမိပေမယ့်အိမ်တော်ထိန်းကလည်းမခေသည့်ပုံပင်...အပြန်အလန်ရန်ဖြစ်ရင်းလက်လွန်သွားသည်။

Namjoonအကောင်ပေါက်ခန္ဓာကိုယ်ကြည့်မိတော့ဒီလူကြံလည်းကြံချင်စရာဟုတွေးမိသည်။သူ့ကိုယ်သူရှက်လို့စောင်ပါးလေးနှင့်အုပ်ထားပေမဲ့အနည်းငယ်လှစ်ဟနေတဲ့ပခုံးကပင်အတော်လှသည်။ဒါပေမာ့်သူ့ခန္ဓာကိုယ်မှာအရှိုးရာတွေအများအပြားပင်....Jkဘယ်လောက်ရိုက်နှက်ထားတယ်ဆိုတာသက်သေဖြစ်နေသည်။

"မင်းရောက်နေတာလား...ဘာဖြစ်တာလဲ"

Yoongiတစ်ယောက်Jkကိုမြင်တာနဲ့ကြောက်လန့်စိတ်လေးသက်သာလိုသက်သာငှားပြေးဖက်ချင်မိသည်။ဒါပေမယ့်Sunnyရှိနေတာကြောင့်ထိုနေရာမှာပဲထိုင်နေလိုက်သည်။

"ဒီလူသေသွားတာလား"

Jkလက်ညိုးထိုးပြတော့မှNamjoonသက်ပြင်းချရင်း

"ဟုတ်တယ်....ငါသတ်လိုက်တာ....နည်းနည်းလေးသာနောက်ကျရင်Yoongiဘဝမတွေးရဲစရာပဲ"

"အော်...မင်းကယ်လိုက်တာပေါ့...နှမြောစရာပဲ...သူကအဲ့လိုခံချင်နေတာပဲလေ"

JkအပြောကိုNamjoonအတော်စိတ်တိုမိသည်။Yoongiကိုကြည့်မိတော့ငိုနေပုံပင်...အေးလေစကားနဲ့ရောကိုယ်ထိလက်ရောက်ကောအနိုင်ကျင့်ခံနေရတဲ့Yoongiဘယ်အချိန်ပေါက်ကွဲမလဲမတွေးရဲစရာပင်

ငယ်ကျွန် season 2Where stories live. Discover now