23

4.2K 324 10
                                    

Yoongiမှောင်မဲနေတဲ့လမ်းထဲမျက်ရည်မဆည်နိုင်စွာရှေ့တိုးမိသည်။ဘာဖြစ်ဖြစ်သူကအခုချိန်မှာထွက်သွားရမှာပဲဟုတွေးရင်းနောက်ပြန်မဆုတ်ချင်တော့

အချိန်ကြာမြင့်စွာလမ်းလျှောက်ရင်းအတွေးတွေရှုပ်ထွေးနေပေမယ့်သူဘယ်သွားရမလဲမသေချာသေးပေ

"Yoongiမလား"

ရုတ်တရက်Gunwonနဲ့တွေ့လိုက်တာမို့အရင်လိုဆွဲလားရမ်းလားလုပ်မှာစိုးရိမ်စွာနောက်ဆုတ်တော့သူကလှမ်းတားလိုက်သည်။

"ငါဘာမှမလုပ်ပါဘူး မကြောက်ပါနဲ့ မင်းကိုယ်ဝန်ရှိနေတာငါကြားပြီးပါပြီ ဂုဏ်ယူပါတယ်"

"အာNae"

စိတ်ထဲတွေဝေစွာပြောလိုက်ပေမယ့်Gunwonကပြုံးသွားသည်။

"ဒါနဲ့မင်းကဘယ်သွားမလို့လားညဘက်ကြီးJkနဲ့အတူထွက်လာတာလဲ"

"မဟုတ် မဟုတ်ပါဘူး ကျနော် ဟို "

ဘာပြောရမှန်းမသိတာကြောင့်တွေဝေနေမိသည်။Gunwonကမျက်ခုံးတို့ကျုံ့ထားရင်းသူ့ဘာသာအားစိုက်တွေးနေပုံပင်

"အိမ် အိမ်ပေါ်ကဆင်းလာတာတော့မဟုတ်လောက်ပါဘူးနော်"

Yoongiတုန့်ဆိုင်းသွားသည်။သူအမှန်တိုင်းပြောသင့်လား ဖြေစရာမရှိတော့ပဲမျက်ရည်ကျဖို့သာဖြစ်လာဆော့သည်။

"ဟာကွာ....ဒုက္ခပဲ ညဘက်ကြီးအန္တရယ်များတယ်ကွ လာအိမ်လိုက်ပို့ပေးမယ်"

"အကိုစိတ်ဆိုးနေတယ်"

Yoongiစိတ်ရှုပ်စွာပြောရင်းလမ်းဘေးနားလေးမှာဆောင့်ကြောင့်ထိုင်လိုက်သည်။Gun wonကသူ့ရှေ့ထိုင်လာရင်း

"မင်းဘာလုပ်လိုက်လို့လဲ"

"ငါ ငါ....ကိုယ်ဝန်ရှိသွားလို့"

Yoongiတွန့်ဆုတ်စွာ​ပြောရင်းသူ့မျက်ရည်တွေကိုလွတ်လပ်စွာကျဆင်းစေလိုက်သည်။

"တောက် တကယ်ပဲကွာ ငါအာ့ကြောင့်သူနဲ့အဆင်မပြေတာ မင်းတို့လင်လင်ကြားထဲတော့မဝင်တော့ဘူး မင်းနေဖို့နေရာရှာပေးမယ်လိုက်ခဲ့"

"ဟင့်အင်း"

"ငါ့ကိုမယုံတာငါနားလည်ပါတယ် ငါ့အိမ်မခေါ်ပါဘူးJhopeအိမ်ပို့ပေးမယ်"

ငယ်ကျွန် season 2Where stories live. Discover now