Unicode 1

9.5K 341 7
                                    

BLACKPINK...BLACKPINK....

ကွင်းပြင် တစ်ခုလုံး အော်ဟစ် အားပေးသံများဖြင့် လွှမ်းခြုံထားသည်မို့ ကြားရသည်မှာ ကြက်သီးထစရာ ကောင်းလောက်အောင် ကျယ်လောင် စူးရှနေသည်။

လပြည့်ည ဖြစ်သည်မို့ ဝိုင်းစက်စက် လမင်းက ထိန်လင်းလျက်။

သို့သော် မြေပြင်မှ မီးရောင်စူးစူးတို့က နေ့ခင်းအလား ထင်မှတ်မှားစရာ။

မီးချောင်းများ မီးလုံးများ ထွန်းထား၍ တောက်ပနေခြင်းမျိုး မဟုတ်ရပါပဲ ပရိသတ်များထံမှ လက်ကိုင် မှိတ်တုတ် မှိတ်တုတ် မီးတုတ်ချောင်းများနှင့် သူမတို့ အဖွဲ့၏ အမှတ်အသား ပန်းရောင် တင်းပုတ်ပုံစံ မီး‌တုတ် ပိစိလေးများမှ ထွက်ပေါ်လာသော အလင်းရောင်များသာ။

"အဖွဲ့သက်တမ်း သုံးနှစ်မပြည့်ခင်အတွင်းမှာ ဒီလောက်ထိ အောင်မြင်မှုတွေ ရလာတာ ယုံနိုင်စရာမရှိဘူး။"

"ဒီအောင်မြင်မှုတွေကို ဆက်ထိန်းသွားပါ။ချစ်တယ် BLACKPINK"

ပရိသတ်များထံမှ အော်သံ အားပေးသံများကို နားစိုက်ထောင်ကာ လက်ဝှေ့ယမ်းပြရင်း စင်အောက်သို့ ရောက်လာရသည်။

"ကောင်မလေးတို့။အဆင်ပြေတယ်မလား။
ကောင်းကောင်းကြိုးစားခဲ့တာပဲ။တာဝန်ကျေပါတယ်။"

သူမတို့ကို ကြီးကြပ်သည့် ဒါရိုက်တာ ကြီးက လှမ်းပြောသည်ကို ခေါင်းညိမ့် ပြုံးပြကာ နားနေခန်းထဲ ဝင်လာလိုက်သည်။

နားနေခန်းထဲမှာ ကြိုရောက်နေကြသည့် Lisa,Jennie နှင့် Rosè က အသာ ပွေ့ဖက် ကာ ထိုင်ခုံ တစ်ခု ဆွဲယူပေးသည်။

"အစ်မ Jisoo ရေ။ပင်ပန်းသွားပြီနော်"

"တို့တွေ ပင်ပန်းကြတာ အတူတူပဲလေ။
တော်ကြတယ်နော် ငါ့ကလေးတို့"

Jisoo က သူမတို့ BLACKPINK K-pop Girl group ထဲမှာ အသက်အကြီးဆုံးမို့
အမေလို တစ်မျိုး အစ်မလိုတစ်မျိုး အားကိုးရသူ။

ကျန်အဖွဲ့သား ၃ ယောက်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တတ်သူ။

မိတ်ကပ်မပါတဲ့ ပင်ကိုယ်အလှနဲ့တင် လူတကာ မှင်တက်ငေးမောရလောက်အောင် လှပလွန်းတဲ့ အစ်မ Jisoo ဟာ အဖွဲ့ရဲ့ Harmony အကုန်လုံးကို အဆင်ပြေအောင် သီဆိုနိုင်သူမို့ အရေးပါလှသူပါ။

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now