Unicode 22

2.1K 211 22
                                    


"မဟုတ်ဘူးလေ။ ညီမ unnie ကို ဖွင့်ပြောခဲ့တာ ၂၃ ရက်နေ့လေ။ အဲ့ဒီနေ့က အမှတ်တရနေ့ မဟုတ်ဘူးလား။"

"ရူးနေလား ။ ငါ နင့်ကို လိုက်ချော့ခဲ့တာ နင်ရေချိုးနေတုန်း ချော့ခဲ့ပြီး အဆင်ပြေသွားတဲ့နေ့က ၂၇ ရက်နေ့လေ။ အဲ့ဒီနေ့ကို Anni day လို့မှတ်ရမှာလေ။"

Jennie နှင့် Lisa တို့ တစ်ယောက်တစ်ခွန်းစီ ငြင်းခုန်နေကြသည်။

နေရာက ဟာဝိုင်အီ ကျွန်း၏ ဈေးထိပ် ဂိတ်ဝ မှာ။

ဈေးတန်းတစ်လျှောက် ရိုက်ကူးရေး လုပ်မည်မို့ သူမတို့လေးယောက် ဦးစွာ လာရောက် စုဝေးနေကြခြင်းပါ။

မနေ့ညက ပင်ပန်း၍ အိပ်ပျော်သွားပြီး ယနေ့မနက်မှ ငြင်းခုန်ရန် သတိရကာ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးပဲ အပြိုင်ငြင်းနေကြသည်လေ။

"ကဲ....။ ပြီးဦးမှာလား။ နင်တို့နှစ်ယောက်ကလဲ အားတာနဲ့ ငြင်းနေ ပြဿနာရှာနေကြ။ လွတ်လပ်တဲ့အချိန် ခဏလေးမှာ
သာသာယာယာနေမယ်မရှိဘူး။ ခဏနေရင်ပဲ camera man တွေ လာတော့မယ်"

"ဟုတ်တယ်။ ညီမလဲ အဲ့လိုပြောမလို့။ လာ unnie. ဒီဖက်တိုး။ shooting အဖွဲ့ ရောက်မလာခင် သာယာကြရအောင်။"

Rosè က Jisoo ၏ လက်ကို ဆွဲကိုင်ကာ Jisoo ၏ ပုခုံးပေါ် ခေါင်းမှီရင်း ပြောလိုက်တာမို့ Jennie. တစ်ယောက် နှာခေါင်းရှုံ့ပြကာ

"သာယာကြပါ။ ဘာမှ မပြောပါဘူး။ ငါတော့
သွားပြီ။ နေခဲ့ကြတော့..."

ပြောပြောဆိုဆို ထ ထွက်သွားသော Jennie ကို Rose က လှမ်းကြည့်ကာ

"ဘယ်သွားမလို့လဲ unnie. ခဏနေ shooting..."

"Uncle က လှမ်းခေါ်လိမ့်မယ်။ မစိုးရိမ်နဲ့ unnie Jisoo နဲ့ Rose . လမ်းလျှောက်ထွက်မလို့။"

တမင်ပင် Lisa ကို မနှုတ်ဆက်ပဲ ထွက်သွားသော Jennie. Lisa ကလဲ ဂရုမစိုက်သလို ရုပ်တည်ဖြင့် ထိုင်နေတော့သည်။

Shooting အဖွဲ့သားများ ရောက်လာပြီး ရိုက်ကူးရေး စ သည်အထိ Jennie က Lisa ကို လှည့်မကြည့်သလို Lisa ကလဲ ဂရုမစိုက်ဟန် ငြိမ်ငြိမ်သက်သက်။

"အမှတ်တရ sticker လေးတွေ ကပ်ရအောင်။"

Rosè က ဆိုင်တစ်ဆိုင်ကို လက်ညှိုးညွှန်ကာ အားတက်သရော ပြောသည်။

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now