Unicode 19

2.2K 216 12
                                    

"စိတ်လျှော့ပါ Lisa ရယ်။ တစ်ဖက်သတ်ကြီး အစွန်းရောက်အောင် မတွေးလိုက်ပါနဲ့။ နော်။"

အံကို တင်းတင်းကြိတ်ကာ မျက်ရည်များ
ဝိုင်းနေသော Lisa ကို Rosè နှင့် Jisoo က ဘေး တစ်ဖက်တစ်ချက်စီမှ ထိုင်ကာ နှစ်သိမ့်ပေးနေရသည်။

Jennie ကတော့ ညနေပိုင်း shooting ရှိသဖြင့် ထမင်းစားအပြီး ကားပေါ်မှာပင် Lisa ၏ နဖူးကို ခပ်ဖွဖွနမ်းကာ တောင်းပန်သော အကြည့်ဖြင့် ကြည့်ပြီး shooting နေရာသို့ တန်းသွားလိုက်ရသည်ပဲ။

အိမ်သို့ ပြန်ရောက်ကတည်းက Lisa တစ်ယောက် ဝရန်တာတွင် ထိုင်ကာ အံကိုကြိတ်ထားသည်မှာ မည်မျှ ကြာသွားပြီ မသိ။

Jisoo နှင့် Rosè ကပြန်ရောက်ရောက်ချင်း တစ်ရေးအိပ်ကာ နှိုးလာတော့မှ Lisa ကို လိုက်ရှာရင်း ဝရန်တာတွင် ထိုင်နေမှန်း သိကြရသည်။

Jisoo နှင့် rose က ယနေ့ အချိန်ဇယား မရှိ။

အတန်ကြာမှ Lisa ၏ နှုတ်ခမ်းအစုံ ပွင့်ဟ လာကာ အလွန်တိုးတိတ်သော လေသံဖြင့်

"Kim နဲ့ unnie တွဲနေကြတုန်းက ငါ ခံစားချက်ကို ထိန်းချုပ်ခဲ့ရတာ။ဟန်ဆောင်ခဲ့ရတာ ဘယ်လောက်ပင်ပန်းလိုက်သလဲ။ အခု....အခု ငါကြောက်တယ်။unnie ကို ထပ်ဆုံးရှုံးလိုက်ရရင် ငါ ရူးသွားမှာ။"

"ဘာတွေ လျှောက်ပြောနေတာလဲ။Jennie က နင့်ကို လက်လွတ်မဲ့ပုံ ပေါ်နေလို့လား။ အတွေး မလွန်စမ်းပါနဲ့ la Lisa . နင် Jennie ကို ယုံကြည်ပေးသင့်တယ်။"

"Nini ကို ယုံပါတယ်။ ကံကြမ္မာကို မယုံတာပါ။"

Lisa ၏ စကားကြောင့် rosè နှင့် Jisoo ဆက်ပြောစရာ စကား ရှာမတွေ့တော့အောင် တိတ်ဆိတ်သွားခဲ့ကြသည်။

Lisa က အသက်မပါသော အပြုံးဖြင့် တစ်ချက် ပြုံးလိုက်ကာ

" ငါ ထိုင်နေတာ အရမ်းကြာသွားပြီပဲ။ နင်တို့လဲ ပင်ပန်းနေကြတာကို။ သွားနားကြတော့။"

"ငါတို့က တရေးအိပ်ပြီးပြီ။ နင် ပျောက်နေလို့ လိုက်ရှာတာ။ နင်သာ နားရမှာ။ သွား။ အခန်းထဲဝင် ရေချိုးပြီး နားလိုက်ဦး။ ညနေစာအတွက် ဆိုင်ကနေ မှာထားလိုက်မယ်။နော်။"

Rosè ၏ စကားကို Lisa က ခေါင်းညိမ့်ပြကာ ဝရန်တာမှ ထွက်သွားသည်။

Jisoo က သက်ပြင်းမောတစ်ခုကို ခပ်လေးလေး ချလိုက်ပြီး

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now