Unicode 12

2.7K 226 11
                                    

"Chae Yong ....ဖြစ်နိုင်ရင် ငါ့ကို ကူညီပါလား။"

Shooting အဝတ်လဲခန်းထဲမှ ခေါင်းပြူထွက်လာပြီး ပြောလိုက်သော Jisoo ကြောင့် မုန့်စားရန် ပြင်ဆင်နေသော Rosè ၏ လက်များ လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားခဲ့သည်။

"အင်္ကျီ အနောက်ဇစ်က တပ်မရနေဘူး။
တစ်ချက်လောက်"

"လာပြီ unnie. "

အဝတ်လဲခန်းထဲ လိုက်ဝင်သွားပြီး Jisoo ၏ ဝတ်စုံကို ကူညီ ဝတ်ဆင်ပေးနေသော Rosè ၏ လက်များက မသိမသာ တုန်ရီလျက်။

Jisoo က အဖွဲ့ဝင်တွေထဲမှာ အရှက်အကြောက် အကြီးဆုံးသူ
တစ်ယောက်။
ဘယ်တော့မှ သူများနှင့် အဝတ်လဲခန်း
တွဲမသုံးတတ်။

သူမရဲ့ Designer ကောင်မလေး တစ်ယောက်ကိုသာ သီးသန့် ပြင်ဆင်စေမြဲ။

အတူနေလာကြသည့် သက်တမ်းတစ်လျှောက်လဲ အေးဆေးလျှို့ဝှက်စွာသာ နေတတ်ခဲ့သူ တစ်ယောက်။

"Unnie ရဲ့ Designer က ဘယ်သွားလို့လဲ။"

"နေမကောင်းလို့ ခွင့်ယူသွားတာလေ။outfits တွေက ရိုးရိုးတွေပဲထင်တာ။တစ်ယောက်ထဲ ဝတ်ရတာ အဆင်မပြေတော့လို့။"

လက်မောင်းတစ်လျှောက် အသဲပုံသဏ္ဌာန် ကြယ်သီးလေးများကို ကူညီတပ်ဆင်ပေးလိုက်ရင်း နောက်ကျောက ဇစ်ကို ဆွဲပိတ်လိုက်တော့ Jisoo ၏ ဆံပင်ရှည်ကြီးများက ဇစ်နဲ့ ငြိသွားရကာ

"အား....သေပါပြီ။ ဆံပင်...ဆံပင် ...."

"အား...မီယားနဲ Unnie. ငြိ သွားတာ။ နေဦး။ ညီမ လုပ်ပေးမယ်။ ငြိမ်ငြိမ်နေနော်။"

တင်ပါးရင်းအထိ ဆွဲပိတ်ရသော ဇစ်အရှည်ကြီးနှင့် outfits ဖြစ်သည်မို့ ဆံပင်တို့က ဇစ်လမ်းကြောင်းတစ်လျှောက် အတန်းလိုက် ညိနေကြသည်။

"ဖြည်းဖြည်းချင်း ဇစ်ဖွင့်လိုက်မယ်နော်။ unnie ငြိမ်ငြိမ်လေးနေ။"

ဇစ်ကို တစ်ဆင့်ချင်း ဆွဲချလိုက် ဆံပင်တွေကို ဖယ်လိုက် လုပ်လိုက်တော့ အင်္ကျီ အမဲရောင်အောက်ကဖြူဖွေးကျော့ရှင်းနေသော Jisoo ၏ ကျောပြင်က ထင်းကနဲ ပေါ်လာသည်။

"Unnie ကျောမှာ မှဲ့ ရှိတာပဲ။"

Rosè ၏ စကားကြောင့် Jisoo ၏ ခန္ဓာကိုယ်လေး ကျုံ့သွားရကာ

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now