Unicode 16

2.3K 217 11
                                    


ည သည် တိတ်ဆိတ်လျက်။

Bluetooth box မှ ထွက်ပေါ်နေသော သီချင်းသံသဲ့သဲ့ကသာ လွှမ်းမိုး မထားလျှင် Rose ၏ နှလုံးခုန်သံ တဒုတ်ဒုတ်ကို အတိုင်းသား ကြားနေရမှာ သေချာသည်။

ညနေက တွေ့မြင်လိုက်ရသော Jisoo ၏ အကာအရံမဲ့ အလှတရားက ကမ္ဘာလောကကြီးနှင့် အဆက်အသွယ် ပြတ်သွားအောင်ပင် ရင်သပ်ရှုမော စေခဲ့သည်ပဲ။

ပြန်တွေးမိတိုင်း ရင်ခုန်လှိုက်မော နေမိအောင် ညှို့ငင်ထားသော အလှတရား။

ကျော့ရှင်း သေးသွယ်သော ခါးသိမ်သိမ်လေးနှင့် အပြစ်ဆိုစရာမရှိအောင် လှပလွန်းသော ခန္ဓာကိုယ် ကောက်ကြောင်းက Rose ၏ အသိဉာဏ်များကို သိမ်းပိုက်သွားခဲ့သည်။

"ဘာလုပ်တာလဲ။ ထွက်.....ထွက်သွား။"

မျက်နှာ တစ်ခုလုံး ရဲတွတ်သွားအောင် အရှက်သည်းနေသော Jisoo က မွေးပွသဘက်ကို အမြန် ကောက်ယူပြီး ခန္ဓာကိုယ်ပေါ်မလုံမလဲ ဖုံးဖိကာ အော်ပြောလိုက်သော အသံက နားထဲက မထွက်သေး။

Rosè ကိုယ်တိုင်လဲ Jisoo၏ အသံကြောင့် စိတ်နှင့်လူ ပြန်ကပ်ကာ အခန်းထဲမှ ပြေးထွက်လာမိသည်အထိ။

Unnie ငါ့ကို အရမ်းစိတ်တိုနေမှာပဲ။

Unnie အရမ်းရှက်သွားမှာ။

အတွေးများနှင့်အတူ အင်္ကျီအောက်ထဲ ထိုးထည့်လာမိသော Diary book အမည်းရောင်လေးကို ဆွဲထုတ်ကြည့်မိသည်။

ဖွင့်ကြည့်သင့်လား။

Unnie က ငါ့ကို စိတ်တိုနေတာလေ။

ဖွင့်ဖတ်မိရင် အခြေနေက ပိုဆိုးသွားမှာ သေချာသည်။

Privacy ကို တော်တော်လေး ချိုးဖောက်မိထားတာ သိသော်လည်း စာအုပ်ကြားထဲက
ပုံကြောင့် စိတ်တို့က မငြိမ်သက်နိုင်။

"Rosè......ဘာလုပ်နေတာလဲ။ တစ်ခုခု မစားတော့ဘူးလား။"

အခန်းတံခါးခေါက်သံ တိုးဖွဖွနှင့်အတူ Lisa ၏ အမေးကြောင့် Rosè ခုတင်ပေါ်မှ ထ ထိုင်မိသည်။

Lisa ကို တိုင်ပင်သင့်လား။

ဟာ...မဖြစ်သေးပါဘူး။

Unnie က ဒီလောက်ရှက်နေတာ ပိုဆိုးသွားမှာပေါ့။

တစ်ယောက်ထဲ ခေါင်းခါကာ အခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး Lisa ကို ဆွဲခေါ်ခဲ့မိသည်။

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now