Unicode 18

2.5K 209 9
                                    


"တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ "

နေရာကား YG entertainment ၏ ရုံးခန်းကျယ် တစ်ခုအတွင်း။

Mrs Hwan Bo Yong ၏ ဖိတ်ခေါ်မှုဖြင့် BLACKPINK အဖွဲ့ တစ်ခုလုံး ရောက်ရှိနေခဲ့သည်လေ။

သူမတို့ရှေ့မှာ ထိုင်နေသော မျက်နှာချွန်ချွန်နှင့် ဆွဲဆောင်မှု တစ်မျိုး ရှိသော လူက စကား စလိုက်သည်မို့ လေးယောက်လုံး ပျံ့လွှင့်နေသော အတွေးများ စုစည်းသွားကြသည်။

ထိုလူက Jennie တစ်ဦးတည်းရှေ့သို့ သူ့လက်ကို ကမ်းပေးကာ စတင်နှုတ်ဆက်လိုက်သည်မို့ Lisa အံတစ်ချက် ခပ်တင်းတင်းကြိတ်လိုက်ရသည်။

"မင်္ဂလာပါ။ ကျွန်မတို့အားလုံး ရှင့်ကို သိထားပြီးသားပါ။"

Jisooက Jennie ထံ ကမ်းပေးထားသော လက်ထဲသို့ စားပွဲပေါ်ရှိ တစ်ရှူးတစ်စ ထိုးထည့်ကာ ပြန်ပြောလိုက်သဖြင့် Jennie မှာ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။

သူမတို့ သိတာပေါ့။ သူမတို့ အရှေ့မှာ ထိုင်နေသည့်Minjo ဆိုတာ hip hop အဆိုတော် တစ်ဦး။

England တွင် ပညာသင် ကျောင်းတက်ပြီး၍ Korea ကို အလည်အပတ် လာသူ ကပြား တစ်ဦး။

တစ်ကိုယ်တော် Album သုံးခု ဖြန့်ချီထားပြီး
Fan girl များကြားတွင်နာမည်ရ အောင်မြင်နေသူ တစ်ဦး။

ပိုပြီး ပြည့်စုံအောင် ပြောရလျှင် Mrs. Hwan ၏ ထောက်ပံ့မှုတွေ ရရှိထားသော ဆွေမျိုးသားချင်း တစ်ဦး။

"BLACKPINK အဖွဲ့နဲ့ join ပြီး music တစ်ခု ဖန်တီးချင်လို့ ကျွန်တော့် ဒေါ်လေး Hwan ကို အကူညီ တောင်းထားတာ။ ခက်တာက ဥက္ကဌ Yang က သိပ် သဘော မတူချင်နေဘူး။ ခင်ဗျားတို့ လေးယောက် သဘောတူရင်တော့သူ တားလို့မရတော့ဘူးလေ။ကျွန်တော့် ကမ်းလှမ်းချက်ကို လက်ခံမယ် မဟုတ်လား။"

သူမတို့ လေးယောက်လုံး စကားတစ်ခွန်းမှပင် မပြောရသေး။

ကိုယ်တော်ချောက စကားတွေ တရစပ် ပြောနေသည်။

အကြည့်တို့ကလဲ Jennie ထံသို့ တဝဲလည်လည်။

ပထမဆုံး စတင် လှုပ်ရှားလာသူက အမကြီး Jisoo.

"ကျွန်မတို့က schedule (အချိန်ဇယား)အရမ်းကြပ်နေတာ။ရိုက်ကူးရေးတွေကလဲ အဖွဲ့လိုက်ရော တစ်ယောက်ချင်းစီရော မရပ်မနားပဲ။Mrs.Hwan က မဖြစ်မနေ အမိန့်ပေးခဲ့ရင်တော့ ဒါရိုက်တာတွေနဲ့ ညှိကြည့်လိုက်လေ။ ကျွန်မတို့က ဆုံးဖြတ်ပိုင်ခွင့်မှ မရှိတာ။"

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now