Unicode 23

2K 199 20
                                    

"မဖြစ်နိုင်တာ..."

ထိုစကားလုံး တစ်ခုတည်းကိုပင် ထပ်ခါတလဲလဲ ရေရွတ်နေမိသည်မှာ ဘယ်နှကြိမ်မှန်းပင်မသိတော့။

ဒီလိုတွေ ဖြစ်လာမှာ စိုးရိမ်လို့ သူမ Lisa ကို ရှောင်နေခဲ့သည်။

Lisa နှင့် နှစ်ယောက်ထဲ အေးအေးဆေးဆေးမတွေ့ဖြစ်သည်မှာ ၃လ ပင် ပြည့်တော့မည်။

Summer Diary ရိုက်ကူးပြီးတာ ၅လ ကျော်ကြာခဲ့ပြီ။

သူမရဲ့ တစ်ကိုယ်တော် Album အတွက်လဲ ပြင်ဆင်မှုတွေ ပြီးဆုံးသွားခဲ့ပြီ။

Minjo နှင့်အတူ သီချင်းတစ်ပုဒ် ဖန်တီးဖို့ စာချုပ်မှာလဲ လက်မှတ်ထိုးပြီးသွားပြီ။

ဒီအတောအတွင်း သူမတို့ တစ်ဖွဲ့လုံး ကိုယ်ပိုင်အချိန်ဇယားများ ပြည့်ကြပ်နေခဲ့၍ ကိုယ့်အစီအစဉ်နှင့်ကို ခွဲနေကြသည်မှာ လေးယောက်အတူနေကြသည့် အိမ်လေးသည်ပင် ခြောက်သွေ့မတတ်။

ဒါကို ဘာကြောင့်များ.....ဘာကြောင့်များ။

အတွေးများနှင့်အတူ Jennie ၏ ပါးပေါ်သို့ မျက်ရည်များက တားဆီးမရအောင် ကျဆင်းလျက်။

******

နေရာကား Seoul မြို့၏ အစွန်အဖျား တောစခန်း တစ်ခု။

တိတိ ကျကျ ပြောရလျှင် အမျိုးသမီး စစ်သည်တော်များ လေ့ကျင့်ရေး စခန်း။

စစ်စခန်းကား နာမည်နှင့်လိုက်အောင်
ကြမ်းသည်။

ခက်ထန်သည်။

စခန်းတွင်း ထူးခြားအခြေအနေဆို၍ သာမန်စစ်သမီးများမဟုတ်ပဲ အနုပညာနယ်ပယ်မှ အနုပညာရှင် အမျိုးသမီး သုံးဦး ရောက်ရှိနေခြင်း။

ပထမ တစ်ဦးက romantic ဇာတ်လမ်းတွဲ များစွာတွင် ပါဝင်သရုပ်ဆောင်ထားသော နာမည်ကြီး သရုပ်ဆောင် Yura.

Romance ဇာတ်လမ်းများကိုသာ ရိုက်ကူးခဲ့သူမို့ အက်ရှင် ဇာတ်ကြမ်း ဇာတ်လမ်းတွဲ
တစ်ခု အတွက် အခြေခံ စစ်ရေးနည်းလမ်းများ သင်ကြားရန် ကိုယ်တိုင်လာရောက် လေ့လာခြင်း။

အရာရာကို ကိုယ်တိုင်ကိုယ်ကျ သင်ယူတတ်သူဖြစ်၍ အာရှတခွင် နာမည်ရအောင်မြင်နေခြင်းမှာ မထူးဆန်း။

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now