Zawgyi 3

53 3 0
                                    

~~"BLACKPINK အဖွဲ့ဝင် Jennie ၏
Dating News"

~~"Gentle Boy member Kim နဲ့ Jennie တို့ကြားက အချစ်ရေး။"

~~"Jennie နဲ့ Kim တို့ ဘယ်အတိုင်းအတာ အထိ ခရီးပေါက်ခဲ့ပြီလဲ။"

Korea အနုပညာရှင်များ သတင်းစာအပါအဝင် ကမ္ဘာ တစ်ဝှမ်းရှိ သတင်းစာများ  စာစောင်များ မဂ္ဂဇင်းများတွင် မျက်နှာဖုံးသတင်းအဖြစ် ရေပန်းစားလျက်ရှိသော သတင်းတစ်ခု။

စာလုံးမည်းကြီးများဖြင့် တခမ်းတနား
ဝေဝေဆာဆာ ဖော်ပြကြသော သတင်းများက အမျိုးမျိုး။
သတင်းခေါင်းစဉ်များက အမျိုးမျိုး။
ထို အမျိုးမျိုးသော သတင်းတို့၏ အရင်းအမြစ်က တစ်ခုတည်း။

~Jennie နဲ့ Kim တို့၏ အချစ်ရေး။

နှစ်ဖက်လုံး၏ အေဂျင်စီများက သတင်းကို comfirm မလုပ်သေးသော်လည်း သတင်းသမားများ၏ မှတ်တမ်းဓါတ်ပုံများက ဟုတ်မှန်ကြောင်း သက်သေခံနေခဲ့ပြီ မဟုတ်ပါလား။

"Gentle Boy  က Kim နဲ့ တွဲနေကြတယ်ဆိုတာ ဝန်ခံပါသလား။"

" BLACKPINK ရဲ့ member တစ်ယောက်အနေနဲ့ လက်ရှိ သတင်းတွေကို ဘယ်လို သတ်မှတ်ချင်ပါသလဲ LaLisa "

"Jisoo အနေနဲ့ Jennie ရဲ့ Dating News ကို ဘယ်လို သဘောထားပါသလဲ။"

"Jennie ရဲ့ Dating News နဲ့ ပတ်သက်ပြီး တစ်ခုခု ပြော ပြလို့ ရမလား Rosè"

ကင်မရာ မီးရောင်များ တဖျတ်ဖျတ် လင်းလက်နေသည့်ကြားမှ သတင်းထောက်များ၏ မေးခွန်းများက ဦးတည်ချက် တစ်ခုတည်း။

စောင့်ရှောက်သူများ ဝန်းရံနေသည့်တိုင်အောင် သူမတို့ လေးယောက်လုံး ရှေ့သို့ခြေတစ်လှမ်းလှမ်းဖို့ပင် အနိုင်နိုင်။

အားငယ်တတ်သော Jennie တစ်ယောက် တစ်ကိုယ်လုံးတုန်ရီနေသည်ကို မသိသာအောင် အားတင်းထားရသည်။

Lisa နှင့် Rosè က Jennie ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူကာ Jennie ၏ လက်ကလေးကို အသာဖွဖွ ဆုပ်ကိုင်ပေးထားရသည်။

"Unnie အဆင်ပြေသွားမှာနော်။ကားပေါ်ရောက်မှ ငိုချင်ငိုချလိုက်။အခု စိတ်တင်းထားဦး။"

Lisa ၏ အားပေးစကားသံက တိုးဖွဖွ။

" ခေါင်းတွေမူးပြီး အန်ချင်လာတယ်။"

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now