Unicode 21

2.1K 197 8
                                    


ဝါး....ရှုခင်းကြီးက လှလိုက်တာ။ တကယ် မိုက်တယ်နော်။"

ဟာဝိုင်အီ ကမ်းခြေမှ ထွက်ပေါ်လာသော အသံစူးစူးလေး။

မှန်ပါသည်။

BLACKPINK အဖွဲ့၏ Summer Diary ရိုက်ကူးရေး အစီအစဉ်။

လုပ်ငန်းတာဝန်တွေ မရှိသဖြင့် လွတ်လပ်စွာ အပန်းဖြေရသော်လည်း ၂၄ နာရီ camera များဖြင့် လှုပ်ရှားရသည်မို့ ထိန်းချုပ်မှုတို့က လျော့မသွားခဲ့။

အထူးသဖြင့် Jennie နှင့် Lisa ကို တပူးတွဲတွဲ မဖြစ်‌ စေရန် Mrs.Hwan က camera man များကို ကြိုတင်အသိပေးထားခဲ့ပြီ။

" ပထမဆုံး Hotel မှာ ပစ္စည်းတွေ ထားကြရအောင်။ ပြီးမှ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း ပင်လယ်လေကို ရှူကြမယ်။ ညစာ စားကြမယ်။"

သူမတို့ ဟာဝိုင်အီ ကို ရောက်တာ ညနေ ၃နာရီ။

Hotel reception တွင် သူမတို့၏ ခရီးဆောင်အိတ်များကို အပ်နှံကာ လေးယောက် အတန်းလိုက် စီတန်းပြီး ကမ်းခြေဖက် ဆင်းလာကြသည်။

ယခုအထိ နှစ်ယောက် တစ်တွဲ မတွဲကြသေး။

Mrs. Hwan ၏ လူယုံတော် camera man က သူမတို့ကို စောင့်ကြည့်နေသည် မဟုတ်ပါလား။

"မနက်စောစော ရေဆင်းကူးရမယ်။"

ဦးစွာ စကားစ လိုက်သူက Rose.

"ငါတို့ ၂ရက် အချိန်ရတယ်နော်။ နောက် ၂ရက်နေရင် ဘယ်နေရာ သွားရမလဲ မသိဘူး။"

ရိုက်ကူးရေးက စုစုပေါင်း ၇ ရက်။

ထို ၇ရက်စာကို အပိုင်းများ ခွဲကာ တည်းဖြတ်ကာ ၃လ ခန့် ထုတ်လွှင့်လိမ့်မည်။

စကား တပြောပြောဖြင့် လမ်းလျှောက်နေကြရာမှ Rosè က Jisoo ကို ပွေ့ချီကာ ကမ်းစပ်ဆီပြေးသွားတာမို့ Lisa နှင့် Jennie မှာ အစ ပထမ၌ အံ့ဩသွားပြီးမှ သဘောတကျ ရယ်မိသည်။

Lisa က Jennie ၏ လက်ကို ခပ်တင်းတင်း ဆုတ်ကိုင်လိုက်ပြီး

"ဒီပင်လယ်ကြီးရဲ့အလှကို စွဲနေအောင်မှတ်ထား။ ညကျရင် ပြောပြစရာ ရှိတယ်။"

သူမတို့ Hotel ကို ပြန်ရောက်တော့ ညစာစားကြသည်။

Jisoo က Rosè ၏ ပန်းကန်ထဲသို့ ငါးဟင်းကို အရိုးနွှံ၍ ထည့်ပေးနေသလို Lisa ကလဲ Jennie ကို အရိပ်တကြည့်ကြည့်။

အချစ်နဲ့ လက်တစ်ကမ်းOpowieści tętniące życiem. Odkryj je teraz