Unicode 13

2.7K 233 13
                                    

"မင်္ဂလာပါ။ BLACKPINK ဖြစ်ပါတယ်။"

BLACKPINK 3th anniversary အထိမ်းအမှတ် Live လွှင့်တင်ဆက်မှု။

ကောင်မလေး လေးယောက်စလုံး၏ မျက်နှာက ကြည်လင်တောက်ပစွာ လန်းဆန်းလျက်။

ဘာလိုလိုနဲ့ ၃ နှစ် ဆိုတဲ့ အချိန်လေး အတွင်းမှာ အောင်မြင်မှုတွေ အများကြီး သိမ်းပိုက်နိုင်ခဲ့ကြသည် မဟုတ်ပါလား။

တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အစွမ်းအစတွေနဲ့ တောက်ပနိုင်ကြသလို အဖွဲ့လိုက်စွမ်းရည်ကလဲ ကောင်းမွန်လွန်းနေခဲ့တော့ လူစုံနေတဲ့ BLACKPINK လေးဟာ ပြီးပြည့်စုံတဲ့ ပန်းချီကား တစ်ချပ်...။

"Jennie...I Love you..."

Lisa က မန့်တစ်ခုကို ဝင်ဖတ်လိုက်တာမို့ Jennie လဲ camera ကို လှမ်းကြည့်ပြီး
မျက်လုံးတစ်ဖက် မှိတ်ပြကာ

"Oh...Thank you..I love you too."

"Jisoo unnie မင်းဒီနေ့ အရမ်းလှတယ် တဲ့။"

"ဟုတ်လား။ကျေးဇူးပါ။ "

မန့်တွေ အပြန်အလှန်ဖတ်ရင်း ရယ်မောလိုက်ကြသည်။

ကြယ်ငါးပွင့် အဆင့်ရှိ Hotel ရဲ့ coffee room တစ်ခုမှာ ဖြစ်သည်မို့ သူမတို့ လေးယောက် ရှေ့ စားပွဲပေါ်မှာ Anniversary cake အပြင် အစားအသောက်များက အစုံအလင်။

Rosè ကတော့ မန့်များ ဝင်ဖတ်လိုက် မုန့်တွေ ယူစားလိုက်နှင့် တစ်ယောက်ထဲ သာယာနေသည်။

Jennie နှင့် Lisa က စားပွဲအောက်မှာ လက်ချင်း ဆုတ်ကိုင်ကာ စ နောက်နေကြသည်။

"Jennie နဲ့ Lisa ရေ။ မင်းတို့နှစ်ယောက်က တကယ် လိုက်ဖက်တာပဲ တဲ့။"

Jisoo က မန့်တစ်ခုကို ဝင်ဖတ်လိုက်တာကြောင့် Rosè ၏ လက်အစုံက Jisoo ၏ ပေါင်ကို အသာ ပုတ်လိုက်ကာ တိုးဖွဖွ လေသံဖြင့်

"သတိထား unnie. BLINKSတွေက အရမ်းတော်ကြတာနော်။"

Camera man များက Lisa နှင့် Jennie ကို zoom ဆွဲ ရိုက်လိုက်ကြသည်မို့ Rosè နှင့် Jisoo ၏ စကားတို့ကို ဖုံးကာလိုက်နိုင်ကြသည်လေ။

Lisa က အလိုက်သင့်ပင် Jisoo ဖက် မျက်နှာမူကာ

"Unnie Jisoo က တစ်ယောက်ထဲ တောက်ပနိုင်တာကိုး။ ငါတို့လို နှစ်ယောက် မလိုဘူးလေ။ "

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now