Unicode 25

2.1K 187 13
                                    


"ကျန်းမာရေးကို အဓိက ထားပြီး အစစ
အရာရာ ဂရုစိုက်ဖို့ မှာလိုက်တယ်။"

ရိုက်ကူးရေး အဖွဲ့ထဲမှ camera man
တစ်ဦး၏ စကားက မှိုင်တွေနေသော Lisa ၏ မျက်ဝန်းများကို တောက်ပသွားစေခဲ့သည်။

"Unnie လား။ Jennie Unnie လား"

"ဟုတ်တယ်။ မင်းကို စိတ်ပူနေတာ။ အလုပ်ကြမ်းတွေ လုပ်နေရသလား လို့ ငါ့ကို နေ့တိုင်းဖုန်းဆက်မေးတယ်။ မနက်ဖြန် ပစ္စည်း တစ်ခုပို့မယ် တဲ့။ ငါက ယူလာပေးလို့ရပေမဲ့ မင်းလက်ထဲ ထည့်ပေးဖို့ အခြေအနေ ပေးပါ့မလား မသိဘူး။ ကြိုးစားပေးပါ့မယ်။ ကျန်းမာအောင်နေနော်။"

စကားကို ခပ်သွက်သွက်ပြောကာ သူမနားမှ အလျင်အမြန် ထွက်ခွာသွားသူကို ငေးကြည့်ကာ မျက်ဝန်း၌ မျက်ရည်ကြည်တို့ ရစ်ဝဲလာရသည်။

နေရာတိုင်း၌ Mrs.Hwan ၏ လူယုံများက စောင်ကြပ်နေသည်မို့ Lisa ကို Jennie နှင့် ဆက်သွယ်ပေးသည်ကို သိလျှင် ထို camera man အလုပ်ပြုတ်သည်အထိ ဖြစ်သွားနိုင်သည်ပဲ။

စစ်တပ်စခန်းသို့ ရောက်ရှိကတည်းက လက်ကိုင်ဖုန်း အပါအဝင် ဆက်သွယ်ရေး ကိရိယာများအားလုံးကို အသိမ်းခံထားရသည်မို့ တကယ်ကို ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်နေရသည် မဟုတ်ပါလား။

မှားပါတယ် unnie ရယ်။
ညီမ မှားခဲ့ပါတယ်။

ဒီလို ဝေးကွာကြမယ်မှန်း ကြိုသိခဲ့ရင်
ဟာဝိုင်အီမှာ ညီမက တောင်းပန်ခဲ့ရမှာ။

Mrs.Hwan ရဲ့ E mail တစ်စောင်ကြောင့် ဘာမဟုတ်တဲ့ကိစ္စလေးကို အကြောင်းပြပြီး unnie အပေါ် ညီမ သူစိမ်းဆန်ခဲ့မိတာ။

Unnie အဆင်ပြေနေတယ်မဟုတ်လားဟင်။

Album ထွက်ခါနီးမှာ ညီမ အနားမှာ မရှိပေးနိုင်တာ တကယ်တောင်းပန်ပါတယ်။

***

"မဖြစ်နိုင်တာကို စိတ်ကူးယဉ်နေမဲ့အစား အပြီးတိုင် စွန့်လွှတ်လိုက်တာက ရှင့်အတွက် ပိုအဆင်ပြေမှာပါ Minjo. "

"ဘာလို့ မဖြစ်နိုင်ဘူးလို့ ပြောရတာလဲ။
ကျွန်တော့်မှာ ခင်ဗျား ငြင်းရလောက်တဲ့ ချို့ယွင်းချက် တစ်စုံတစ်ရာ ရှိမနေတာတော့ သေချာတယ်။ ငြင်းရတဲ့ အကြောင်းပြချက်လေး ပြောပြပါလား။"

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now