Unicode 24

1.9K 193 12
                                    

"လွမ်းနေတာ......"

တံခါး bell တီးသံကြောင့် ‌ညနေစာ ချက်ပြုတ်နေသော Jisoo တစ်ယောက် အိမ်တံခါးကို ဆွဲဖွင့်လိုက်စဉ်မှာပင် နား နား ကပ်ကာ တိုးဖွဖွ ပြောလိုက်သော အသံကြောင့် ရုတ်တရက် ထိတ်လန့်သွားပြီးမှ ပျော်ရွှင်သွားဟန်က ထိန်းမရ....။

"ဟာ။ Chae Yong...ဘယ်လိုလုပ်..."

"အိမ်ထဲ အရင်ခေါ်ပါ။ ပင်ပန်းလာတာကို။"

"အာ။ လာလာ။ အထဲဝင်။ "

Rose တစ်ယောက် အခန်းထဲ ဝင်ကာ ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချပစ်မိသည်။

အမှန်ဆို သူမ အရမ်း ပင်ပန်းနေပြီ။

ကြော်ငြာ ရိုက်ကူးရေးတွေက ဆက်တိုက်မို့ အနားယူချင်သော်လည်း Jisoo ကို တွေ့ချင်စိတ်က ထိန်းမရတော့တာမို့ ပင်ပန်းသည့်ကြားက အရောက်လာခဲ့ခြင်းပင်။

" ရိုက်ကူးရေးကဆက်နေတာ မဟုတ်လား။ အရမ်း ပင်ပန်း မှာပေါ့။ နားတာ မဟုတ်ဘူး။"

"Unnie ရဲ့ မျက်နှာလေး မြင်လိုက်ရရင်ကို အမော တဝက် ပြေပြီမို့ အရောက်လာခဲ့တာ။ တော်‌သေးတယ်။ unnie က နားရက် ရထားလို့။"

Jisoo က သမိုင်းနောက်ခံ Drama ဇာတ်လမ်းတွဲ တစ်ခု တွင် ပါဝင် သရုပ်ဆောင် နေသည်မို့ နားရက်အချို့တွင် အားလပ်နေခဲ့သည်လေ။

"ကဲပါ။ ညစာ မစားရသေးဘူး မဟုတ်လား။ unnie လဲ စားဖို့ပြင်နေတာနဲ့ အတော်ပဲ။ နားပြီးရင် စားရအောင်နော်။ နားလိုက်ဦး။ ဟင်းအိုး လက်စ သတ်လိုက်ဦးမယ်။"

မီးဖိုခန်းဆီ ပြန်ဝင်သွားသော Jisoo နောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားသော Rose.

"ကြက်ဥကြော်ပေး။ ကင်ချီနဲ့ ကြက်ဥကြော်နဲ့ စားချင်တယ်။"

"အဲ့ဒါ မအားတဲ့အချိန်မှာ စားတဲ့ အရေးပေါ်ဟင်းတွေလေ ယောင်းငယ်လေးရဲ့။ အခု unnie က ရေညှိ ဟင်းချို ချက်နေတာ။ ဆလတ်ရွက်သုတ်နဲ့ လေ။ ကြိုက်တယ် မဟုတ်လား။"

"ရဘူး။ ကြက်ဥ စားချင်တာပါဆို။ ကြက်ဥ..."

ကလေး တစ်ယောက်လို နှုတ်ခမ်းစူပြီး Jisoo ၏ ပုခုံးပေါ် ကို အနောက်ဖက်မှ ခေါင်းမှီချကာ တတွတ်တွတ် ပြောနေသော Rose ၏ အပြုအမူကြောင့် Jisoo အသဲယားကာ အသံထွက်အောင် ရယ်မော လိုက်ရသည်။

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now