Unicode 14

2.4K 230 4
                                    

"ငါကတော့ summer Diary ရိုက်ကူးရေးကို အရမ်း စိတ်ဝင်စားနေပြီ။"

ဆိုဂျူး တစ်ခွက်ကို မော့သောက်ရင်း ပြောလိုက်သော jennie ၏ စကားကို Rosèက ခေါင်းညိမ့် ထောက်ခံလိုက်သည်။

နောက်တစ်ပတ် ဆိုလျှင် ရိုက်ကူးရေး စတင်တော့မည် မဟုတ်လား။

"I love you Daddy....I love you Mommy.."

ရုတ်တရက် ထွက်ပေါ်လာသော phone ထဲမှ Alum သံကြောင့် စကားဝိုင်းက ခဏ တိတ်ဆိတ်သွားပြီးမှ Lisa က သွားဖြီးပြကာ

"အာ။ မီယားနဲ။ ငါ အိမ်နဲ့ ဖုန်းပြောမလို့ ချိန်းထားတာ။မေ့တော့မလို့။ တော်သေးတယ်။သောက်ကြဦးနော်။ laptop နဲ့ Video call ခေါ်လိုက်ဦးမယ်။"

အပြေးတစ်ပိုင်း အခန်းထဲ ပြေးဝင်သွားသော Lisa ၏ ကျောပြင်ကိုကြည့်ရင်း Jisoo ကြည်နူးစွာ ပြုံးမိသည်။

အဖွဲ့ဝင်တွေ ထဲမှာ မိသားစုနဲ့ အဝေးဆုံး နေနေရတာ Lisa ပဲ မဟုတ်လား။

"ငါ့ကလေးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။"

ရီဝေဝေပြောလိုက်သော Jennie ၏ အသံကြောင့် Rosè က ဟက်ခနဲ တစ်ချက် ရယ်ကာ

"Unnie ..unnie မူးနေပြီ။ ထပ်မသောက်နဲ့တော့။"

Jennie က အလွယ်တကူ မူးတတ်သူမို့ အခုလဲ ဆိုဂျူး သောက်တာ ရေချိန်လွန်နေပြီ။

မူးနေလျှင် ပုံမှန်မဟုတ်ပဲ စကားအလွန်များကာ ပြောချင်ရာ လျှောက်ပြောတတ်တာလည်းJennie ၏ အားနည်းချက်။

ဒါကို သိထားသော Rosè က Jisoo ကို အသာ လက်ကုတ်ကာ မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ရင်း

"Jennie Unnie ... Unnie ဟိုနေ့က Lisa အခန်းထဲ ဝင်သွားပြီး ပြန်မထွက်လာဘူး
မလား။ unnie လိမ်နေပေမဲ့ ညီမ သိတယ်။ဘာလုပ်ကြတာလဲ ပြော...."

Rosè ၏ အမေးကို Jennie က ခေါင်း
တဆတ်ဆတ် ငြိမ့်ကာ

"Lili လေးက ငါ့ကို စိတ်ကောက်နေလို့ လိုက်ချော့တာပါ။ ဟီး...ဟီး။"

"ချော့ရုံပဲလား။ သေချာလို့လား။"

"Chae Yong ..ဘာတွေမေးနေတာလဲ။ တော်တော့။"

တော်ရုံဖြင့် မမူးတတ်သော Jisoo က ဝင်တားသော်လည်း အမူးသမားနှစ်ယောက်ကို မနိုင်။

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now