Unicode 7

2.7K 242 5
                                    

" Korea နိုင်ငံ၏ တစ်နှစ်တာ ပရိတ်သတ် လွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး idol အဖွဲ့ BLACKPINK."

MC ၏ ကြေငြာသံ အဆုံးမှာတော့ ဆုပေးပွဲ အခမ်းအနား တစ်ခုလုံး အော်ဟစ်အားပေးသံများဖြင့် ဆူညံသွားရသည်။

ဒီဆုအပါအဝင် ဒီနှစ်ပွဲမှာ သူမတို့အဖွဲ့ ရရှိပိုင်ဆိုင်တဲ့ဆု ၃ခု ရှိပြီ။

"မင်္ဂလာပါ BLACKPINK ဖြစ်ပါတယ်။ ချစ်ပေးကြ လို့ အများကြီး ကျေးဇူးတင်ပါတယ်။
နောက်ထပ် ပိုကြိုးစားသွားပါ့မယ်။"

ကျေးဇူးတင်စကားပြောကြားကာ ဆုလက်ခံရယူပြီး ဆင်းလာကြသည်။

Jennie ကတော့ အိမ်ပြန်ချင်နေပြီ ဖြစ်သဖြင့် Lisa နား တိုးကပ်၍ ပြောသည်။

"ဗိုက်နာနေပြီကွာ။ငါ အိမ်ပြန်ချင်နေပြီ။"

"ဟင်။unnie နေမကောင်းဘူးလား။ အစားမှားထားတာလား။"

"မဟုတ်ပါဘူး။ဒီတိုင်း....ဒီတိုင်း နေရခက်နေလို့။"

မျက်နှာပျက်နေသော Jennie ကို Lisa က စောင်းငဲ့ကြည့်ရင်း

"ခဏနေ ပြန်ကြမယ်လေ။ ခဏလေး သည်းခံလိုက်ပါ။ အေးနေပြီလား။"

Jennie ဝတ်ထားသည်က လက်မပါသည့်
ပုခုံးပြတ်ဝတ်စုံ တိုတိုကပ်ကပ်လေးမို့ အအေးဒဏ်ကို မကာကွယ်နိုင်။

stylest များစီစဥ်ပေးသည်ကို ဝတ်ရသော သူမတို့အတွက် ဒါသည် အထူးအဆန်း မဟုတ်တော့ဘူးပဲ။

Jennie ကLisa ၏ ခါးသွယ်သွယ်လေးကို ဖက်ကာ ကျောပေါ်မျက်နှာမှောက်၍ အသာမှေးနေသည်။
Rosè က Jennie ၏ ပုခုံးကို အသာ ပုတ်ကာ အားပေးလျက်။

ပွဲစီစဉ်သူများနှင့် စကားပြောပြီး ပြန်လာသော Jisoo က ခေါင်းတစ်ချက် ညိမ့်ပြကာ

"ပြန်လို့ရပြီတဲ့။ အနောက်ဖက် ဂိတ်မှာ ကားရပ်ထားတယ်။ ဖြည်းဖြည်း ထ ကြ။ ပြန်ကြရအောင်။"

Jennie ပုံစံက အမှန်တကယ် နေမကောင်းဖြစ်နေပုံဖြင့် ဖြူဖျော့နေသည်။

ကားပေါ်ရောက်တော့ Rosèက အသင့် ပါလာသော မွှေးပွ စောင်ကြီးဖြင့် Jennie ကို လွှမ်းခြုံပေးပြီး

"Unnie အဆင်ပြေရဲ့လား။"

"ပြေပါတယ်။ကျေးဇူးRosè"

အချစ်နဲ့ လက်တစ်ကမ်းDonde viven las historias. Descúbrelo ahora