Unicode 6

2.7K 234 12
                                    

"ကဲ..ဒီနေ့ကို လွတ်လွတ်လပ်လပ်ပျော်ကြမယ်ကလေးတို့။မကြာခင် ငါတို့ အလုပ်အချိန်ဇယားတွေနဲ့ ပြည့်ကြပ်နေတော့မှာ။ငါတို့ အားလပ်ရက် နောက်ဆုံးအပတ်ပဲ။"

"မှန်တယ်။အားလပ်ရက်ကို ဂုဏ်ပြုတဲ့ အနေနဲ့ Cheer"

"Cheer.."

တစ်ခြမ်းကွေး လရောင်မှိန်မှိန်က သူမတို့ လေးယောက်ကို ဖြန့်ကျက်လွှမ်းခြုံထားသည်။

မကြာခင် ရိုက်ကူးရေးတွေ ပြန်စ တော့မည်။

ဆုပေးပွဲတွေ တက်ရတော့မည်။

Show concert တွေ ဖျော်ဖြေရတော့မည်။

အားလပ်ရက် အချိန် ကုန်ဆုံးခါ နီးပြီမို့ သူမတို့ ခြံထဲမှာ ပါတီပွဲ အသေးစားလေး ကျင်းပနေခြင်းပါ။

"Concert တွေ ပြီးသွားရင် ငါတို့ Summer Diary ရိုက်ကူးရေး ရှိတယ်နော်။ဒီနှစ်က ဘယ်ကိုသွားရမလဲ မသိဘူး။"

"ဟုတ်တယ်။စိတ်ဝင်စားဖို့ကောင်းတယ်။variety show တွေလဲ သွားရဦးမယ်။"

စကားတပြောပြောနှင့် ဝိုင်ခွက်ကိုယ်စီကိုင်ကာသောက်ကြရင်း မကြာခင် မူးဝေ လာကြသည်။

"ငါ တော့ ထပ်သောက်ရင် မှောက်တော့မယ်ထင်တယ်။"

Jisoo ၏ ရီဝေဝေ အသံက ပထမ‌ဆုံး ပေါ်လာသည်။ ပြီးတော့ Rosè.

"သိမ်းကြစို့။ မနက် ဈေးဝယ်ထွက်ရဦးမှာ။မထ နိုင်ပဲ နေမယ်။"

"ငါကတော့ သောက်နိုင်သေးတယ်။"

သောက်နိုင်သေးသည် ဆိုသော်လည်း Jennie မူးနေပြီ။Lisa က Jennie ကို အသာ ဖေးမ ကာ

"မသောက်နဲ့တော့ unnie. နင်မူးနေပြီ။
သိမ်းကြစို့။"

Lisa နှင့် Rosè က ဖန်ခွက်များ အခွံလွတ်များကို ရှင်းလင်းသိမ်းဆည်းလိုက်သည်။

Jennie က အခန်းထဲ ဝင်ရောက်သွားပြီ။

Jisoo သာ ခုံပေါ်မှောက်လျက် အိပ်ပျော်နေ
သည်မို့ Rosè က အသာ ဖေးမ ကာ

" Lisa, သွားအိပ်တော့။unnie ကို ငါ နှိုးလိုက်မယ်။"

"Ok. Good night."

Lisa အခန်းထဲဝင်ကာ မျက်နှာသစ်ပြီး ညအိပ်ဝတ်စုံ လဲလှယ်လိုက်သည်။

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now