For Zawgyi
ဆောင်းလဲ့အေးပြာပြာ ဆိုသည့်အတိုင်း ဆောင်းလေအေးလေးတွေကတော့ တိုက်ခတ်စမြဲပါပဲ.....။ဆောင်းလေကလည်း သူ့အလုပ်သူလုပ်ဆောင်သလို လူများစွာကလည်း အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် သူတို့အလုပ်နှင့်သူတို့သာ…။
"အကို့ရင်မောင်..မအေးဘူးလား..စွပ်ကျယ်ကြီးနဲ့"
မုန်းရောင် ဘာမပြောညာမပြောနှင့် လက်မောင်းကြွက်သားဖုထစ်ထွက်နေသည့် စွပ်ကျယ်နှင့် နှမြောသောသူ ။ မုန်းရောင်၏ဘဝလက်တွဲဖော်ဖြစ်လာလိမ့်မည်လို့ မည်သူတစ်ဦးတစ်ယောက်မျှ ထင်လိမ့်မည်မဟုတ်…။ဖြစ်လည်းဖြစ်နိုင်စရာအကြောင်းမရှိပေ ။တစ်ခုသာလျှင် မဖြစ်နိုင်သောအရာများကို ရှေ့ဆက်မိလျှင် နှစ်ဦးနှစ်ဖက်လုံး နာကျင်မှုတွေ ဝမ်းနည်းမှုတွေ ရှေ့တန်းတင်ရလိမ့်မည်။ယခုဆိုသည်က ကိုရင်မောင်အကြည့်တွေအောက်က ရုန်းထွက်ဖို့ ခက်ခဲနိုင်မည်…။
"အလိုဗျာ...ဒီလောက်အအေးဒဏ်ကတော့ ကျုပ် ခံနိုင်ပါသေးတယ်ဗျာ...ဆင်ကိုးစီးစားမကုန်တဲ့ ဒီခန္ဓာကြီးနဲ့ အေးရမလားဗျာ..."
"အင်းပါ...အင်းပါ... သွားကြရအောင် ရွာအနှံ့လိုက်ပို့မယ်ဆို"
မုန်းရောင် သူပြောလိုက်သည့်အခါတိုင်း သူမေးလိုက်သည့်အခါတိုင်း ဆတ်ဆတ်ထိမခံသည့် ကိုရင်မောင်ကို မထိတထိပြန်ပြောလိုက်သည်။
"အင်း..သွားရအောင်"
လမ်းတစ်လျှောက် သွားနေပေမဲ့ မုန်းရောင်ရဲ့ စပ်စုတတ်သည့် စိတ်ကလေးသည် ကိုယ်တွင်းတွင်ရှိနေတာဆိုတော့ လမ်းလျှောက်လိုက် မေးလိုက်လုပ်နေတာပေါ့.။
"အကို့ရင်မောင်..မိဘတွေကကော"
"ဘာလို့မေးတာလဲ."
"သြော်..အကို့ရင်မောင်က လျှောက်သွားနေတော့ အိမ်ကဘာမှမပြောဘူးလားမေးချင်တာပါ..မုန်းရောင်သာဆို အိမ်ကပြောလိုက်မဲ့ဖြစ်ချင်း.."
"ပြောပြမယ်..အရင်ဆုံး ကျုပ်ကို ကိုမောင်လို့ပဲခေါ် ...ဒီရွာသားမဟုတ်လို့လားမသိဘူး...နားထောင်ရတာ နားထဲမှာ ကလန့်နေသလိုကြီးဗျာ..."
YOU ARE READING
မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)
Romanceအချစ်ဆိုတဲ့အရာမှာ ဘာသာစကားမရှိလို့ပေါ့ အချစ်ဆိုတဲ့အရာမှာ ဘာသာစကားမရှိလို့ပေါ့