အပိုင်း(40) [Zawgyi+Uni]

2.7K 280 29
                                    

For Zawgyi

A/N အချစ်တို့ကလေ Fb Wp Gpတွေထဲမှာ
နွေဦးရဲ့ခုFicလေးကို Reviewများရေးပြီး
Vote and Cmt လေးတွေ
စေတနာအားလျော်စွာပေးသွားကြပါ😁😘

မိဘတွေဆွေးနွေးပြီးသည်နှင့်တစ်ပြိုင်နက် ပွဲကိုထားခဲ့ကာ ဒွေးဒွေးတို့အိမ်ပြန်ဖို့ပြင်ဆင်ကြတော့သည်....။ ဒွေးဒွေးတစ်ယောက် အိမ်ပေါ်မှ အပြုံးလှလှနှင့်ဆင်းလာရင်း ကွပ်ပျစ်မှာ အေးဆေးလေးထိုင်ကာ အကြည်စိုက်နေသည့် သာခေါင်ကို လက်ကုပ်ကာ အိမ်ပြန်ဖို့ခေါ်လိုက်သည်....။ထို့အတူ သာခေါင်လည်း ကိုရင်မောင်တို့နဲ့တူတူ ပြန်လိုက်သွားသည်...။ မုန်းရောင်ကတော့ မျက်လုံးလေးထဲတွင် အရည်ကြည်လေးဝိုင်းကာ ဝိုင်းကာနှင့် တစ်ယောက်သောသူကိုသာမျက်တောင်မခတ်ကြည့်ပြီး လက်ကလေးဝှေ့ကာ ပါးစပ်မှလည်း တစ်တွတ်တွတ် တစ်ခုခုကိုပြောနေပုံ....။ မသိလျှင် ချစ်သူနှစ်ဦးကို ခွဲလို့လမ်းဆွေးနေရသည့် မျက်နှာထားမျိုးဖြစ်နေကြသည်...။ မြညိုတစ်ယောက်ကတော့ ကိုသာခေါင်ကိုကြည့်ကာ လက်တော့မဝှေ့ယမ်းပေမဲ့ ဟိုကဝှေ့ယမ်းပြတော့လည်း နှုတ်ခမ်းကိုအနည်းငယ်ကော့ညွှတ်ကာ မျက်စောင်းနှင့်ရွယ်လိုက်ပြီး မုန်းရောင်နှင့် နုငယ်လက်ကိုဆွဲကာ အိမ်ပေါ်ကို ဖြေးညင်းစွာနှင့်တက်လိုက်ကြတော့သည်..။ ဒွေးဒွေးတစ်ယောက်ကတော့ ပြန်နေသည့်လမ်းတစ်လျှောက် နက်ဖြန်ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းကျွေးမည့်ကိစ္စကို ဆော်သြနေပုံပေါ်သည့်အပြင် ပြုံးရွှင်သောမျက်နှာထားဖြင့် သင့်တင့်သောဆက်ဆံရေးနှင့် ပြောနေပုံလည်းပေါ်သည်.....။ ကိုရင်မောင်ကတော့ ဒွေးဒွေးကိုကြည့်ရင်းဖြင့် ဘေးမှပြုံးနေလိုက် သာခေါင်ကိုစကားပြောလိုက်နှင့် နေရောင်သာသာအောက်မှာ ထမင်းစားဖို့အချိန်တောင် မေ့နေကြသည်ထင်ပါရဲ့....။ တစ်ရွာလုံးလိုလိုတောင် မင်္ဂလာဆောင်ကိစ္စကိုသိနေပြီမို့ အထူးတလည်ဖိတ်ကြားနေစရာပင်မလိုပေ...။ လမ်းသွားလမ်းလာလူတွေကိုလည်း ဒွေးဒွေးတစ်ယောက်ထိုနည်းတူ ဖိတ်ကြားနေပေမဲ့ သာခေါင်တစ်ယောက်ကတော့ ဗိုက်ဆာလွန်းလို့ မျက်နှာပျက်နေပြီလေ..။ နေရောင်ခြည်ကလည်း အသွားတုန်းကသာ ဖျော့ဖျော့ဖြာကျပေမဲ့ ပြန်တော့နှိပ်စက်နေသလိုပင် ပူလိုက်တာများ သုံးယောက်လုံးဆီတွင် ချွေးစတွေတောင် တွယ်ငြိတွယ်ကပ်နေလေသည်....။

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now