အပိုင်း (23) [Zawgyi+Uni]

3.1K 335 39
                                    

For Zawgyi

ကောင်းကင်ပြာပြာ၏အထက်တွင် အထွန်းလင်းဆုံးတောက်ပနေသော နေမင်းသူရိန်ကြီးက အမျိုးမျိုးပင် အလင်းဓါတ်များ အပူဓါတ်များကို စေလွှတ်နေခြင်းသည် လယ်ထဲရှိ ရေများ ခန်းခြောက်သွားလောက်အောင်ပင်..။ ကိုရင်မောင်၏ ခြေသလုံးလောက်ရှိရေများက ခုဆိုရင် ခြေမျက်စိနားလောက်သာ ကျန်တော့ ခြေသလုံးမွှေးကြီးများက ထင်းနေအောင် ပေါ်နေလေပြီ....။သို့သော် လည်ရှည်ဖိနပ်ကြောင့် တန်သင့်သလောက်သာ ထင်းနေလေသည်..။ပုဆိုးကို ဒူးပေါ်ထိ ခပ်တိုတိုဝတ်ထားတာကြောင့် လယ်သမားကြီးဟန်ပီပီ တံစဉ်ကိုကိုင်ကာ ရိုးပြတ်များကို ရိတ်နေသည်....။ စိတ်ထဲတွင်လည်း မနက်ဖြန်စပါးခြွေဖို့နှင့် ပဲထပ်စိုက်ရန်သာ ဆန္ဒရှိနေသည်..။ ထို့ပြင် အရေးကြီးဆုံးကတော့ အချစ်ဆုံးလေး မုန်းရောင်ကို သတိရနေသည့်စိတ်က ရှစ်ဆယ်ရာခိုင်နှုန်းလောက်ပေါ့...။ တံစဉ်ဖြင့် ခါးကိုကုန်းကာ ရိတ်လိုက် ချွေးသုတ်လိုက်ဖြင့် ခမောက်ဝိုင်းကြီးကလဲ ဆောင်းထားသေး....။

"ဗျို့ ကိုရင်မောင်.နေပူတယ်ဗျ.အလုပ်လျော့လုပ်လေ."

"အေးဗျာ....ပဲစိုက်ချင်နေတာနဲ့ မြန်အောင်လုပ်နေတာဗျာ...ဒီရေခန်းတာနဲ့ ကျန်လက်စအောက်ဖျားပိုင်းတွေကို မီးရှို့မလို့ဗျ ပဲစိုက်ရင် မြေသြဇာအဖြစ်ပေါ့ဗျာ.."

"အင်းဗျာ.ဘာလို့အလုပ်တွေ ကြိုးစားနေရတာလဲ......"

"ကျုပ်.ကျုပ် ငွေလိုနေတယ်ဗျ..အာ့ကြောင့်ပါဗျာ......"

"အင်းဗျာ...လုပ်...လုပ်"

အခြားလယ်ထဲမှ လယ်သမားတစ်ချို့၏ စကားပြောသံတွေပြီးခါမှ လုပ်လက်စ အလုပ်ကိုဆက်ပြီး လုပ်လိုက်သည်...။ ပါးစပ်ထဲတွင် စကားလေးတစ်ခွန်းကို အကြိမ်ကြိမ်ညည်းရင်း..။

"ခင်ဗျားလေးကိုလွမ်းတယ်..ခင်ဗျားလေးကိုလွမ်းတယ်"

တစ်ဖက်တွင်လည်း မုန်းရောင်နှင့်မြညို မြိုင်မြိုင်ဆိုင်ဆိုင် ချက်ပြုတ်နေကြသည် ။

"မမမြညို.ဒီနေ့တော့ အစောကြီးပြီးတယ်နော်.ဟီး"

"အမောင့်..ဟင်းချက်နည်းတွေ ဘယ်သူသင်ပေးတာလဲ.ဘာချက်ချက် ကောင်းနေတာပဲနော်.."

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now