အပိုင်း(43) [Zawgyi+Uni]

4.9K 326 55
                                    

For Zawgyi

နေရောင်ခြည်က ခါတိုင်းနှင့်မတူ အပူဓါတ်ကော အလင်းဓါတ်ပါ ပိုမိုများပြားစွာ ရောင်ဖြာကျနေလေသည့်အတွက် ခါတိုင်းထက်ပို၍ပူခြင်းထက် ပို၍လင်းထင်းနေခြင်းပင်..။ထရံကာ သက်ငယ်မိုးအိမ်ဖြစ်တာကြောင့် သက်ငယ်အပေါက်ကြားမှ ဖြာကျနေသော နေရောင်ခြည်က မုန်းရောင်၏မျက်နှာပေါ်ကို ပြောက်ကျားရောင်ဖြင့် ကျရောက်နေသည်....။ ထို့အတူ ကိုရင်မောင်လည်း ထိုနည်းတူစွာပါပဲ...။ ဆောင်းရာသီနှောင်းပိုင်းမို့ အရမ်းအေးနေသည့်အတွက် ထိုပြောက်ကျားဖြာကျနေသော နေရောင်ခြည်ကနွေးထွေးစေတာမို့ ကျေးဇူးပါဟူ၍တောင် အော်ပြောရမလိုလို....။ အိပ်ရာပေါ်က အင်္ကျီဗလာနှင့်ထိုလူသားနှစ်ယောက်ခန္ဓာကိုယ်မှာ အောက်ခံဘောင်းဘီလေးသာ ကပ်ငြိနေလေသည်....။ နှစ်ယောက်လုံး နေရောင်ကြောင့် အိပ်ရာမှနိုးလာပေမဲ့ ကိုရင်မောင်ကတော့ မြန်မြန်ဆန်ဆန် ထနိုင်ပေမဲ့ ဘေးကမုန်းရောင်ကတော့ ခါးလေးကိုကိုင်ကာ ညည်းညူသောအသံဖြင့် "တကျွတ်ကျွတ်" မြည်ကာ မနည်းထဖို့ကြိုးပမ်းနေရသည်....။ကိုရင်မောင်တစ်ယောက် ညကရစ်မူးခဲ့မိတာကို ဘေးကမုန်းရောင်ကိုမြင်တော့ ပြန်သတိရကာ "သူများလွန်သွားတာလား"ဆိုပြီး တွေးရင်း သူ့ကိုယ်သူအပြစ်တင်နေပုံ....။နှစ်ယောက်သားအိပ်ရာပေါ်မှ ထမယ်ဟန်ပြင်လိုက်တော့ ကိုရင်မောင်က အရင်ထလိုက်ပေမဲ့ အောက်ခံဘောင်းဘီသာရှိတော့တာမို့ အိပ်ယာပေါ်က ပုဆိုးကို အမြန်အဆန်ယူကာ ဝတ်လိုက်တော့သည်....။မုန်းရောင်ကတော့ အောက်ပိုင်းကနာကျင်နေတဲ့ဒဏ်ကြောင့် သိပ်တောင်လှုပ်နိုင်ပုံမပေါ်...။သူ့မှာလဲ ပုဆိုးရှိမနေခဲ့တာကြောင့် ကိုရင်မောင့်ကို ရှက်ရှက်နှင့်သာ ညကကိစ္စတွေကို အသာထားကာ ပြောလိုက်သည်....။

"အကို့ရင်မောင်...ဟိုဘက်ခနလှည့်ပါလား..."

မုန်းရောင်ဆိုသောသူမှာ အရှက်အကြောက်အလွန်ကြီးပြီး ရိုးသားသိမ်မွေ့သည့်ကောင်လေးဆိုလည်းမမှား....။ မင်္ဂလာဦးညကဖြစ်ခဲ့တာကလည်း ချစ်ခြင်းတွေကိုမထိန်းနိုင်တော့ပဲ ခံစားချက်အဖြစ်ပြောင်းခဲ့ရုံသက်သက်သာ.....။သူ့သိက္ခာကိုသူချခဲ့တာမဟုတ်သလို လင်ယောက်ကျားအတွက် ဖြည့်ဆည်းပေးရမည့်တာဝန်ကိုသာ ဖြည့်ဆည်းပေးခဲ့တာမို့ သူဘာပဲဖြစ်နေဖြစ်နေ ကိုရင်မောင့်အတွက် ထိုညလေးက အလင်းရောင်လေးထွန်းသစ်ခဲ့ရင်ကိုသာ ပျော်နေသည်ထင်ရပုံ.....။ ကိုရင်မောင့်ကို တစ်ခြားဘက်ကို လှည့်ခိုင်းလိုက်တော့ မုန်းရောင်စကားကိုလည်း မပယ်ရှားအမြဲလက်ခံပေးတဲ့ ကိုရင်မောင့်အဖို့ "အင်း"တစ်လုံးသာပြောပြီး ထိုနေရာလေးမှာပဲရပ်ကာ တစ်ခြားတစ်ဘက်သို့လှည့်လိုက်သည်....။မုန်းရောင်တစ်ယောက် ကိုရင်မောင်လှည့်လိုက်တာနှင့် နာကျင်ကာပင်ပန်းနေသော ခန္ဓာကိုယ်ကိုမနည်းထကာ ပုဆိုးကိုချက်ချင်းကောက်ဝတ်လိုက်သည်....။

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now