အပိုင်း(31) [Zawgyi+Uni]

2.7K 296 58
                                    

For Zawgyi

ဆောင်းရာသီနှောင်းပိုင်းမို့ အေးစိမ့်မှုကတော့ တုနှိုင်းမဲ့....။ ထို့ပြင်ပါးစပ်က ဝှါးခနဲမှုတ်ထုတ်လိုက်ရင်တောင်မှ အငွေ့လေးတွေ လေထဲကနေထွက်လာပြီး မြင်လောက်အောင်ပင် ခိုက်ခိုက်တုန်ချမ်းအေးသည်....။ ခုဆိုရင် အမှောင်ထုက ကြီးစိုးလာသလို အအေးဓါတ်လည်း ထိုနည်းတူကြီးစိုးလာခဲ့လေပြီ.....။ နေမင်းသူရိန်ကြီးကလည်း သဘောထားကြီးစွာပဲ နူးညံ့လှသည့် စန္ဒာလမင်းလေးကို အရှုံးပေးကာ ကောင်းကင်ယံတွင် စိုးမိုးစေသလို ကိုရင်မောင်၏အတွေးတွေကလည်း မုန်းရောင်ကိုအရှုံးပေးနေတာအမှန်....။ လမင်းစန္ဒာ၏အပေါင်းအပါ တောက်ပနေသည့် ကြယ်လေးတွေကလည်း တလက်လက်နှင့်ကောင်းကင်ယံတွင် ပေါ်နေသလို မြောက်အရပ်တည့်တည့်က ဓူဝံကြယ်ကြီးလည်း ထိုနည်းတူစွာပင်....။ အခြားညများနှင့်မတူပဲ ယခုည ကြယ်လေးများ၏ အရေးပါပုံက ပိုပြီးအရေးကြီးနေသည်....။ ကြယ်လေးတွေကြောင့် ချစ်သူနှစ်ဦး ပေါင်းဖက်ရမလား ခွဲခွာရမလားဆိုတာ ထိုကြယ်လေးတွေပေါ်မှာ မူတည်နေတာမို့ အရေးပါနေပုံပေါ်သည်......။

"Twinkle Twinkle little star

How I wonder what you are

Up above the World so high

Like a diamond in the sky

Twinkle Twinkle little star

How I wonder what you are "

ကြယ်လေးတွေကို အဲ့ကဗျာလေးဆိုပြီးတော့သာ ဆုတောင်းခွင့်ရမယ်ဆိုရင် ဒီနေ့ကြယ်လေးတစ်လုံးကို ကြွေပေးပါလို့ ဆုတောင်းမိမှာ မုန်းရောင်လေးတစ်ယောက် အမှန်ပင်....။ ဆောင်းရာသီမို့ အအေးဓါတ်က လွန်ကဲလာတာမို့ ကိုရင်မောင်တစ်ယောက် မာဖလာကိုလည်ပင်းတွင် ပတ်ထားပေမဲ့ နောက်ထပ်အိမ်တွင်ရှိသော ချည်လည်ပတ်လေးတစ်ခုကို အပိုယူကာ အနွေးထည်ထူထူ့ဖြင့် မုန်းရောင်ဆီသို့ ဓါတ်မီးလေးကိုင်ကာ လျှောက်လှမ်းနေသည်......။လမ်းတစ်လျှောက်လုံးကလည်း လရောင်နှင့်တူတူ ငှက်ကလေးများတွန်ကျူးသံကအစ နားဝင်ချိုစေသည့်အပြင် ညမွှေးပန်းရနံ့တို့လည်း မူးယစ်ဆဲ....။ မုန်းရောင်လည်း အနွေးထည်ထူထူဖြင့် မီးအိမ်လေးကိုင်ကာ အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်နေလေသည်....။ ခေါင်းတွင်လည်း သိုးမွေးဦးထုပ်လေးကိုဆောင်းထားသည်..။ တစ်ယောက်သောသူကိုမျှော်ကာ ယုံကြည်ချက်ကိုခိုင်မာစွာ စိတ်ကိုတင်းထားပြီး ဆုံးဖြတ်ထားပုံ...။ ဘေးမှ မြညိုကတော့ ခုထိပင်တားနေဆဲ.....။

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now