အပိုင်း(30) [Zawgyi+Uni]

2.9K 291 40
                                    

For  Zawgyi

ရောင်နီဦးစနေလုံးကြီးသည် နှစ်ယောက်လုံး၏ အပေါ်တည့်တည့်ကျလာသလား ထင်မှတ်ရလောက်အောင် ပူအိုက်လွန်းသောကြောင့် နှစ်ယောက်လုံး အပေါ်ထပ်များချွတ်လိုက်ကြသည်။ မျက်နှာတွင် စီးကျနေသော ချွေးသီးလေးများကိုလက်နှင့်ပွတ်သပ်ရင်း ဆိုင်ကယ်စက်နှိုးကာ ပြန်ဖို့လုပ်နေကြပေမဲ့ ကိုရင်မောင် နောက်ထပ်တစ်နေရာကို ထပ်သွားဖို့ ဟန်ပြင်နေသေးသည်။ ခုနေ့ညက မုန်းရောင်အနားမှာ ဆက်ရှိနေရမလား မနေရဘူးလားဆိုတာ သေချာမသိသည့်အတွက် ရှိနေတသည့်အချိန်လေးအတွင်းမှာ ပျော်စရာ အမှတ်တရာတွေသာ ရှိနေစေချင်တာတော့အမှန်ပင် ။ ထိုအမှတ်တရတွေကို အရောင်တောက်ပစေဖို့အတွက် ကျီးသဲဈေးလေးနှင့် မလှမ်းမကမ်းတစ်နေရာမှာရှိသည့် တိုင်တစ်ရာတံတားလေးဆီသို့ အပြင်းမောင်းနှင်နေလေသည်…။ တိုင်တစ်ရာတံတားလေးသည် အေးချမ်းသောအရိပ်အာဝါသဖြစ်သည့် ဘုရားရိပ်တရားရိပ်လေးတွင် တည်ဆောက်ထားသော တံတားလေးဖြစ်သည့်အပြင် ထိုတံတားလေးကို ချစ်သူရည်းစားများအတွက် အဓိကထားဆောက်လုပ်ထားခြင်းဖြစ်သည် ။ ထို့ပြင် အေးချမ်းလှသည့်အရိပ်အာဝါသဖြစ်သည်။ အင်းရေလေးကိုဖြတ်ကာ တစ်ဖက်နှင့်တစ်ဖက်ကို ကူးဖို့ရာ ဆောက်လုပ်ထားသည်ဆိုလည်းမမှား။ အင်းရေတက်ချိန်တွင် တံတားအောက်ဘက်က စိမ်းစိုလှသည့်မြက်နုကလေးများနှင့် ကြာပန်းလေးတွေက အရမ်းကိုလှပတာမို့ ကဗျာဆရာများနှင့်တောင် ခိုင်းနှိုင်းရလောက်အောင်ပင် ။ တိုင်တစ်ရာတံတားလို့ အမည်တွင်ရခြင်းကတော့ တစ်ဖက်ကို တိုင်အလုံးရေ ၅၀ နှစ်ဖက်ဆိုတော့ တိုင်လုံးရေ ၁၀၀ဖြစ်သည့်အတွက် တိုင်တစ်ရာတံတားဟု ခေါ်ကြခြင်းဖြစ်သည်…။ ချစ်သူရည်းစားများအတွက် ဆောက်လုပ်သည်ဆိုပေမဲ့ ဖြတ်သွားဖြတ်လာများ မောပန်းလျှင် နားခိုနိုင်ရန်အတွက်လည်း ရည်ရွယ်ထားခြင်းဖြစ်သည်…။ ထိုတံတားလေး၏ အနီးဝန်းကျင်တွင် မြက်ခင်းစိမ်း လယ်ကွင်းစိမ်းကြီးတွေရှိသည့်အပြင် အင်းရေဖွေးဖွေးတွင် ကူးခတ်နေကြသော ငါးနီရောင်လေးတွေလည်းများလှသည်…။ တစ်ခါတစ်ရံ ဗျိုင်းဖြူလေးတွေလည်း နားတတ်ကြသည်…။ ထို့ကြောင့် လူတို့၏စိတ်ကို ဆွဲဆောင်နိုင်သော နေရာလေးဆိုလျှင်လည်း မမှားနိုင်…။
ထိုတံတားလေးဆီသို့ မုန်းရောင်နှင့်အတူ တစ်ခါလောက်တော့ သွားချင်သည့်ဆန္ဒရှိတာမို့ ဆိုင်ကယ်ကို တိုင်တစ်ရာတံတားဆီသို့ ဦးတည်ကာ မောင်းနှင်နေခြင်း…။

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now