🌻Final🌻 [Zawgyi+Uni]

8.6K 467 59
                                    

For  Zawgyi

"အား နာတယ်…ဘာတွေလဲ ဘာတွေလဲ"

ကိုရင်မောင်တစ်ယောက် မျက်လုံးပွတ်ကာ ရုန်းရင်းဆန်ခတ် ပြေးထွက်လာရင်း ပုဆိုးကိုလည်း ကပျာကယာစီးရင်းပင်…။ ပြေးလာသော်ငြားလည်းရင်ထဲမှာတော့ အပူမီးတစ်ချို့နှင့်စိုးရိမ်မှုတစ်ချို့က ကြီးစိုးနေဆဲ…။ စိုးရိမ်မှုက သူ့ကောင်လေးတစ်ခုခုဖြစ်မှာကို စိုးရိမ်နေတာဖြစ်ပြီး အပူမီးကတော့ သတိများပြန်ရသွားခဲ့ရင် သူ့ကိုများစိတ်နာနေမိမလားပေါ့…။ သူ့ကိုစိတ်နာပေမဲ့ မုန်းရောင်လေးသာပြန်ပြီးသတိရမယ်ဆိုရင် စိတ်နာပါစေ အဖြစ်ခံမည့်အရိပ်အယောင်မြင်နေရသည်…။ မြမေလက်ထဲမှ တစ်စုံတစ်ခုကိုမြင်နေလို့ အော်နေမိသည့်ကောင်လေးဆီကို အပြေးဝင်သွားကာ မြမေနေရာမှာ ကိုယ်စားဝင်ယူလိုက်သည်…။ မျက်နှာပြင်တစ်ခုလုံးလည်း ချွေးစီးနှင့် မျက်ရည်များရောယှက်နေသည့်အပြင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိသည့်စိတ်ကပိုများနေပေလိမ့်မည်…။ အမြန်အဆန် မုန်းရောင်ကို ရင်ခွင်လေးထဲထည့်ရင်း ခေါင်းလေးကိုပွတ်ကာဘာဖြစ်နေမှန်းမုန်းရောင်လေးကိုမောမှာစိုးလို့မမေးမြမေကိုသာ မေးလိုက်မိသည်…။

"မြမေ…ခင်ဗျားလေးဘာဖြစ်တာလဲ…"

မြမေတစ်ယောက် မုန်းရောင်နှင့်ကိုရင်မောင်ရှေ့တွင်ရပ်ကာ လက်ချောင်းများကိုပွတ်သပ်ရင်းပင် တုန်ရီနေတာမို့ ကိုရင်မောင်မေးနေတာတောင် အဖြေမရ…။ ထို့ကြောင့် မြမေဆီသို့အကြည့်လွှဲကာ ဒေါသအပြည့်နှင့်ထပ်မံမေးမိလိုက်သည်…။

"မြမေ…ဘာဖြစ်နေတာလဲ ကျုပ်မေးနေတယ်လေ"

မြမေတစ်ယောက် မျက်လုံးထဲမှမျက်ရည်စတွေက မြေပြင်ပေါ်ကို စိုသည်ထိ မေးရိုးမှတဆင့် တစ်စက်စက်ပြုတ်ကျနေသည်…။ ချစ်သူမောင်ကိုစောင့်နေသည့်အချိန် မုန်းရောင်ကအခုလိုဖြစ်လိုက်တာမို့ ကြောက်စိတ်များက တစ်ဆင့်ထက်တစ်ဆင့်တိုးကာ တစ်စက်စက်တုန်နေသည့် နှုတ်ခမ်းသားများကို အနည်းငယ်ရပ်တန့်ကာ ကိုရင်မောင့်အမေးကိုပြန်ဖြေဖို့ဟန်ပြင်သည်……။

"ကျုပ်…ကျုပ် အကို့ဖေမောင်လာခိုးမယ်ဆိုလို့စောင့်နေတာ သူကခုထိမလာလို့ ကျုပ်ငိုနေတာ အဲဒါအမောင့်ကိုပြောပြရုံရှိသေး အမောင့်လဲကျသွားတာ…"

You've reached the end of published parts.

⏰ Last updated: Jul 18, 2023 ⏰

Add this story to your Library to get notified about new parts!

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now