အပိုင်း(32) [Zawgyi+Uni]

2.7K 308 41
                                    

For Zawgyi

လရောင်ဖြာဖြာအောက်က တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်အချိန်တစ်ခုကြာအောင် စုပ်နေပြီး ပွတ်သပ်နေသော လက်အစုံတို့ကလည်း ပါးနှစ်ဖက်ကို ကိုင်ရင်း....။ "ပြွတ်စ်......ပြွတ်စ်" ဆိုသော စုပ်ယူနေသည့်အသံနဲ့အတူ အားရပါးရ ယုံကြည်ချက်တစ်ခုတည်ဆောက်ကာ အောင်မြင်သွားလို့ ပျော်နေပုံပင်...။ လမင်းကြီးတောင် ရှက်လွန်းလို့ လရောင်ကို ဖျော့တော့တော့သာ ဖြာကျနေတော့သည်...။ အချိန်ကလည်း သန်းခေါင်ယံအချိန်မို့ မည်သည့်အသံမျှမကြားရ တိတ်ဆိတ်နေသည့်အပြင် သူတို့နှစ်ယောက်၏တစ်ယောက်နှုတ်ခမ်း တစ်ယောက်အပေးအယူမျှမျှစုပ်ယူနေသည့်အသံသာ ပေါ်လွင်နေသည်....။ ထို့အပြင် ကြယ်ကြွေသွားတာကို မြင်မိခဲ့သော ဝါးကွပ်ပျစ်လေးပေါ်ရှိ မြညိုလည်း ဝမ်းသာလွန်းသောကြောင့် ဝမ်းသာမျက်ရည်အသွင်သွင်စီးကျကာ အိမ်ပေါ်တက်ရန်ဟန်ပြင်နေသည်....။ ကြယ်လေးတွေကလည်း ချစ်သူနှစ်ယောက် ပေါင်းဖက်ရသည်မို့ အထွန်းလင်းဆုံး တောက်ပနေလိုက်တာများ မြင်ရသူသာအသိပင်...။ မုန်းရောင်စုပ်ယူနေတာ အချိန်ကြာလာတော့ အသက်ရှူတောင်မဝဖြစ်လာတာမို့ ကိုရင်မောင့်ကိုတွန်းလိုက်ကာ ကျောက်တုံးလေးပေါ်ကထပြီး မတ်တပ်ရပ်လိုက်သည်...။ ကိုရင်မောင်လည်း မုန်းရောင်နဲ့ခုဆို ပူးကပ်နေချင်သည့်ဆန္ဒများကြောင့် မုန်းရောင်နောက်ဘက်သို့ရပ်ကာ နောက်ကနေ သိုင်းဖက်လိုက်သည်....။ ကိုရင်မောင်ရဲ့ဖက်ထားသော လက်ကိုသူရဲ့လက်နဲ့ကိုင်ကာမုန်းရောင်နမ်းနေမိသည်...။

"ခင်ဗျားလေး...ကျုပ်တို့အချစ်တွေ အမှန်တကယ်ဖြစ်ပြီဆိုတော့ ကျုပ်တို့လက်ထပ်ကြရအောင်လား...."

"ခင်ဗျားကြီးကို လူတွေလှောင်ပြောင်မှာ မကြောက်ဘူးလား...ကျွန်တော့်လိုကောင်လေးနဲ့လက်ထပ်ရတာလည်း ခင်ဗျားအတွက် ကောင်းပါ့မလား...."

မုန်းရောင်ဆီမှ စကားသံကြားလိုက်တာနဲ့ ကျောပေးထားသော မုန်းရောင်၏ ခန္ဓာကိုယ်လေးကို သူ့ဘက်ကိုဆွဲလှည့်လိုက်ကာ မျက်လုံးတွေကိုစိုက်ကြည့်ပြီး ပြောလိုက်တော့သည်......။

"ခင်ဗျားလေး ကျုပ်မျက်လုံးတွေကိုကြည့်ပါ...ကျုပ်သူများတွေလှောင်ပြောင်မှာထက် ခင်ဗျားလေးလှောင်ပြောင်မှာကြောက်တယ်...သူများတွေမုန်းမှာထက် ခင်ဗျားလေးမုန်းမှာကြောက်တယ်...သူများတွေထက် ခင်ဗျားလေးကို လက်ထပ်ချင်တာ ......အရမ်းချစ်တယ်ဗျာ..."

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now