အပိုင်း(15) [Zawgyi+Uni]

3.9K 407 25
                                    

For Zawgyi

သာယာလှသည့် နေရောင်ခြည်သာသာ နေ့လေးတစ်နေ့ဖြစ်သော လျှောက်လည်သည့်နေ့လေးမှာ မုန်းရောင်လေးအတွက် အသစ်အဆန်းဖြစ်နေသည့်အပြင် ပျော်ရွှင်မှုကလဲ အတိုင်းအဆမဲ့..။ စားပွဲပေါ်တွင် ထမင်းအုပ်လေးနှင့် လယ်ဆန်ထမင်း ညိုညိုဖွေးဖွေးလေးကို အပြည့်ခူးကာ ငါးရံ့ဟင်းဆီပြန်လေးကလည်း စားချင်သဖွယ်..။ ထို့ပြင် ငါးပိရည်ကျိုလေးကို မွှေးနေအောင်လုပ်ထားပြီး ခရမ်းသီးပြုတ်လုံး ကြာရိုး ရုန်းပတီသီး ကန်စွန်းရွက်ပြုတ် ပေါက်ပန်းဖြူ စသည့် အသီးအရွက်များကို တို့စရာအဖြစ်လုပ်ထားသည့် ပန်းကန်ကတစ်ပန်းကန်...။ ချဉ်ရည်ဟင်းပူပူလေးကို
လည်း ငါးနဲ့ထည့်ချက်ထားတော့ လူတွေရဲ့ စားချင်စိတ်ကို ဆွဲဆောင်နေသည်..။ ထမင်းစားပွဲပေါ်တွင် ဇလုံတစ်ယောက်တစ်လုံး ရှေ့ချကာ ဇလုံတစ်လုံးထဲက လက်ဆေးရည်ကို ဆေးပြီး ဒွေးဒွေးမှ လယ်ဆန်ထမင်းလေးကို ဇလုံထဲသို့ထည့်ပေးကာ လိုရာသုံးဆောင်ခိုင်းပြီး အပြင်ခဏရှောင်ပေးလိုက်သည်...။

"ခင်ဗျားလေး..ဟင်းထည့်စားလေ..ကျုပ်ထည့်ပေးမယ်."

"အင်း.ခဏ..ကျွန်တော် ငါးအရိုးစူးမှာကြောက်တယ်ဗျ"

"ဟုတ်ပါပြီ ခင်ဗျားလေးပျင်းနေပြန်ပြီမလား လာပါကျုပ်နွှင်ပေးမှာပေါ့..ဘာမှမပူနဲ့..."

ကိုရင်မောင်တစ်ယောက် သူ့ဇလုံထဲသို့ ငါးရံ့တစ်ကောင်ကို ထည့်လိုက်ကာ အရိုးများနွင်ပေးပြီး အသားများကို 
မုန်းရောင်အတွက် ထည့်ပေးလိုက်သည်...။ မုန်းရောင်တစ်ယောက် ငပိရည်ကျို ပန်းကန်ထဲမှ ငပိရည်တွေကို သုံးဇွန်းတိတိ ထမင်းပေါ်ဆမ်းလိုက်ပြီး ထမင်းကိုနယ်ကာ တစ်လုတ်ပဲ စားရုံရှိသေး စပ်လွန်းလို့ ထအော်တော့သည်..။ မျက်နှာဖွေးဥဥလေးကလည်း နီရဲလာပြီး နှာခေါင်းတစ်ဝိုက်တွင် ချွေးသီးလေးများလည်း ရစ်ဝိုင်းနေသည်…။ ချစ်စရာကောင်းသောသူက မည်သည့်အရာကို မည်မျှပင်ပြုလုပ်နေစေကာမူ ချစ်စရာကောင်းနေသည့်အတွက် မုန်းရောင်အတွက် ချစ်စရာအတိပြီးနေသည်…။

"အား...စပ်တယ်..စပ်တယ်......"

"ခင်ဗျားလေး စပ်နေပြီလား..ရေသောက်လိုက်...ခင်ဗျားလေး ..ဘာတွေမှတ်နေလို့ အဲလောက်ထည့်နေတာလဲ..."

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now