For Zawgyi
နေရောင်ဖွဲဖွဲကျနေချိန် လမ်းထဲမှာတစ်ယောက်တည်း
ကိုသာခေါင်တစ်ယောက် သူ၏ပေါင်ကြားကိုကိုင်ကာ မြေပြင်ပေါ်ထိုင်ရင်းအကူညီကင်းမဲ့စွာအော်နေမိသည်...။နာသွားသည်ထင်ပါရဲ့ မျက်လုံးတွင် မျက်ရည်စအနည်းငယ်ရစ်ဝိုင်းကာ အသံကတော့ နွဲ့တဲ့တဲ့သာရှိတော့သည်....။ အောင့်လွန်းလို့ ခြေထောက်နှစ်ဖက်ကို မြေပြင်ပေါ်ကားကာ အောင့်သက်သက်ဖြစ်နေပုံ...။ မျက်နှာတွင်လည်း ချွေးသီးတွေပြန်ကာ တစ်ခုခုဖြစ်နေမှန်း ကြည့်မိသူသာအသိ...။ ထိုအချိန် သာခေါင်၏သူငယ်ချင်းလိုပဲပြောရမလား သာခေါင်တို့အဖွဲ့ကလို့ပဲပြောရမလား ကျော်မောင်တစ်ယောက် လမ်းပေါ်က ပေါင်ကြားကိုကိုင်ကာ တအားအားအော်နေသော သာခေါင်ကို မြင်တာနဲ့ ရောက်နေသောနေရာကနေ အတင်းပြေးသွားကာ အလောတကြီးမေးလိုက်မိသည်...။"ဟျောင့်...သာခေါင် ဘာဖြစ်တာလဲ"
"ငါ...ငါအောင့်နေတယ်...လုပ်ပါဦးကွာ..."
ကျော်မောင်တစ်ယောက် သာခေါင်ဘောအောင့်သွားတာ ချက်ချင်းသိလိုက်တာမို့ မြန်မြန်ဆွဲထူကာ ခုန်ခိုင်းလိုက်သည်....။ အနည်းငယ်သက်သာလာတော့မှ တွဲကာအိမ်ထိလိုက်ပို့လိုက်သည် ...။ လမ်းတစ်လျှောက်ဖြေးညင်းစွာ လျှောက်နေပေမဲ့ သာခေါင်ကတော့ အောင့်တာမပျောက်သေး....။ သာခေါင်ကို ကျော်မောင်တွဲလာတာ သာခေါင်အမေဒေါ်သန်းတစ်ယောက်မြင်လိုက်တာနှင့် တံမြက်စည်းလှဲနေတာကိုပစ်ချကာ သားဇောနဲ့ပြေးလာလေသည်...။
"ကျော်မောင်...ငါ့သားလေးဘာဖြစ်နေတာလဲ"
"ကြီးသန်း...သာခေါင် ဘောအောင့်တာဖြစ်မယ်..."
"ဟေ...လာလာမြန်မြန် အိမ်ပေါ်တင်..."
ကျော်မောင်နှင့်ဒေါ်သန်းတို့ သာခေါင်ကိုအိမ်ပေါ်သို့ ဖြေးဖြေးစီ တွဲတင်ကာ အိပ်ယာပေါ်လှဲခိုင်းလိုက်သည်...။
"ကျော်မောင်...ကြီးသန်းကို ရွာတောင်ပိုင်းက ကုန်စုံဆိုင်မှာ ရေခဲထုပ်ဝယ်ပေး....."
"ဟုတ်...ကြီးသန်း..."
ကျော်မောင်တစ်ယောက် ကြီးသန်းခိုင်းသော ရေခဲထုပ်ကို မြညိုတို့အိမ်ရှိရာ တောင်ဘက်ကိုသွားဝယ်နေသည်....။
YOU ARE READING
မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)
Romanceအချစ်ဆိုတဲ့အရာမှာ ဘာသာစကားမရှိလို့ပေါ့ အချစ်ဆိုတဲ့အရာမှာ ဘာသာစကားမရှိလို့ပေါ့