အပိုင်း(41) [Zawgyi+Uni]

3.2K 294 72
                                    

For Zawgyi

မိုးလင်းစမနက်၏ အာရုံချိန်လေးတွင် မျက်လုံးလေးကို မှိတ်တုတ်မှိတ်တုတ်နှင့် အိပ်မက်ကနေ ပြုံးစိစိနိုးလာသည့်သူ ကိုရင်မောင်တစ်ယောက် မျက်နှာအမြန်အဆန်သစ်ကာ မင်္ဂလာပွဲအတွက် မုန်းရောင်နှင့်ဆင်တူဝယ်လာသော ပိုးဝမ်းဆက် အပြာနုလေးကိုဝတ်ဆင်ကာ ဆံပင်ကိုအုန်းဆီဖြင့်ကော့လန်နေအောင်ဖြီးလိမ်း၍ မှန်ရှေ့တွင်ပြင်ဆင်နေသည်....။ နာရီကတော့ ၅နာရီလောက်သာရှိသေးတာမို့ နေကလည်း မထွက်သေး....။ သို့ပေမဲ့ သာခေါင်ကတော့ရောက်ရှိနေပြီဖြစ်သည့်အတွက် အဝတ်အစားသစ်များဝတ်ကာ ကာလသားများနှင့် စုစည်းနေပုံ.။ သာခေါင်တစ်ယောက် ရှေ့မှဦးစီးကာ ကာလသားများနှင့်တူတူ ဘုန်းကြီးကျောင်းကိုခြေလှမ်းလှမ်းနေကြသည်..။ အလှူတစ်ခုပြီးမြောက်ဖို့အတွက် ရွာသားတွေ၏အကူအညီကလည်းတစ်စိတ်တစ်ပိုင်းပါဝင်သေးပါသည်...။ တစ်ရွာတည်းနေတစ်ရေတည်းသောက်ကြသည့် ရွာသူရွာသားချင်းတူတူဖြစ်သည်လားတော့မသိ ကိုရင်မောင့်မင်္ဂလာပွဲကို တစ်ရွာလုံးက ဝိုင်းဝန်းကူညီနေကြတာက တကယ်အားကျစရာပါ...။ အချက်အပြုတ်ပိုင်းတွင်လည်း မိန်းကလေးများနှင့်အတူ ရွာသားများကပါ ရွာတွင် ပေါ့လျှံလှသည့် ငါးကြင်းသား အချိန် ၅၀ကို အိုးကြီးအကြီးကြီးထဲတွင် ထည့်ချက်ကာ ဝက်သား အချိန် ၅၀ ကိုလည်း ထိုနည်းတူစွာပင် တစ်ညလုံး ဘုန်းကြီးကျောင်းတွင် မအိပ်ပဲချက်ပြုတ်နေကြသည်....။ ကိုရင်မောင်တစ်ယောက် သာခေါင်တို့ဘုန်းကြီးကျောင်းကို သီချင်းဖွင့်ဖို့သွားနေတာကြောင့် သူကတော့ သူ၏သတို့သားလေးမုန်းရောင်ကိုသာမှန်းမျှော်ရင်း ချစ်သူလေးရှိရာဆီသို့ မှောင်မည်းမည်းဝိုးတိုးဝါးတားနှင့် ခရီးဆက်နေလေသည်...။ ဒွေးဒွေးတစ်ယောက်ကတော့ မနက်အစောကြီးထဲက ဘုန်းကြီးကျောင်းမှာပြင်ဆင်စရာတွေရှိတာပြင်ဆင်ရအောင် ထွက်သွားလေရဲ့.။ ဘုန်းကြီးကျောင်းမှ သာခေါင်တို့ဖွင့်လိုက်သော မင်္ဂလာဆောင်သီချင်းလေးကို နားထောင်ရင်းပင်တငြိမ့်ငြိမ့်နှင့် လမ်းလျှောက်ဆဲ..။ ကိုရင်မောင်တစ်ယောက် ဒီနေ့သူ၏,သတို့သားလေးက အလှဆုံးဖြစ်နေမှာပါလို့တွေးရင်း ပြုံးစိစိလုပ်ကာ လမ်းလျှောက်နေရင်းပင် မှောင်နေတာမို့ မုန်းရောင်တို့အိမ်နားကိုရောက်နေတာတောင်မသိ....။ အိမ်ထဲမှ ကပျာကယာနှင့် မြညိုပြေးထွက်လာမှ သိလိုက်ရသည်....။ မြညိုတစ်ယောက် ခြေဗလာနှင့်အတင်းအကန် ပြေးထွက်လာပြီး တစ်နေရာရာကိုသွားဖို့ဦးတည်နေပုံ....။ ကိုရင်မောင် လှမ်းဆွဲလိုက်တော့မှ သွားနေတာကိုရပ်ကာ ကိုရင်မောင့်ကို ကြည့်လိုက်တော့သည်......။

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now