အခန်း(17) [Zawgyi+Uni]

3.6K 387 34
                                    

For Zawgyi

တိတ်ဆိတ်လှသည့် ညအမှောင်ယံ၏ လရောင်သာသာလေးအောက်က ကျောက်တုံးလေးပေါ်တွင် ကွမ်းယာဝါးနေကြသော ကောင်လေးနှစ်ယောက်ကို ကြည့်ရသည်မှာ ကြည်နူးစရာကောင်းလှသည်....။ ဝါးနေရင်းပင် ပါးစပ်ထဲတွင် ပြည့်လျှံလာသော ကွမ်းတံတွေးရည်တွေကြောင့် မုန်းရောင်တစ်ယောက် ဘယ်နေရာကိုထွေးရမလဲ ရှာနေမိသည်...။ မြက်ခင်းပြင်စိမ်းစိမ်းလေးတွေက ကုန်ရိုးပေါ်မှာ လရောင်လေးဖြာကျနေတာမို့ ကွမ်းတံတွေးတောင်မထွေးရဲ...သဘာဝအလှလေးတွေ ပျက်စီးသွားမှာကိုလည်း ကြောက်မိ...။ ကြံရာမရ ခေါင်းကိုကုပ်နေသည့် အချိန်တွင် ကိုရင်မောင့်ကို ဖွင့်ပြောရန် အကြံရမိသွားသည်..။ သို့ပေမဲ့ ပြည့်လျှံနေသော ကွမ်းတံတွေးနီကျင့်ကျင့်အရည်တွေက ပါးစပ်ထဲတွင် ပြည့်လျှံနေတာကြောင့် စကားပြောလျှင် အပြင်ကို လျှံကြမည်စိုးသောကြောင့် မပီမသစကားများသာ ပြောနေသည်...။ ထို့ပြင် ကိုယ်ဟန်အမူအရာလည်းပါကာ ပြောနေသည်...။"အန့်....အွင်း....အွန့်အွန့်..."မပီသသောအသံဖြင့် လက်ကပါးစပ်ကို ထိုးပြကာ ပြောနေတဲ့ မုန်းရောင်လေးက လရောင်အောက်မှာ အရမ်းကိုချစ်ဖို့ကောင်းနေသည်....။ မုန်းရောင်လေးပြနေသည့် အမူအရာလေး မပီကလာပီကလာပြောနေတာလေးက ချစ်ဖို့ကောင်းနေတာကြောင့် ကိုရင်မောင် စိုက်ကာကြည့်နေမိပြီး ကူညီပေးဖို့မေ့နေသည်...။ မုန်းရောင်လည်း သူပြောတာကိုဂရုမစိုက်ပဲ စိုက်၍သာမျက်တောင်မခတ်ကြည့်နေသည့်ကိုရင်မောင့် နှာခေါင်းဖျားကို လက်မနှင့် လက်ညှိုးသုံးကာ ဖျစ်လိုက်တော့မှ ကိုရင်မောင်တစ်ယောက် အသိပြန်ဝင်လာကာ ဝရုန်းသုံးကား မေးလိုက်သည်.....။

"ဟမ်..ဟမ်. ခင်ဗျားလေးဘာလို့လဲ..."

မေးရင်း မြင်လိုက်ရတာကြောင့် ဝင်လာသည့်အတွေးက.....

' အင်း...ခင်ဗျားလေးကအောက်ဘက်ကိုထွေးလိုက်ရင်.ညစ်ပတ်မှာစိုးလို့ဖြစ်ရမယ်.အိတ်ကလဲမပါဘူးဆိုတော့...ဘာလုပ်ရင်ကောင်းမလဲ..သိပြီ.သဘာဝရဲ့အလှကိုလဲ ဖျက်ဆီးရာမရောက်အောင်..."

ကိုရင်မောင်တစ်ယောက် အပေါ်တွင်ထပ်ကာဝတ်ထားသော အင်္ကျီအပြင် အောက်ဘက်က စွပ်ကျယ်အင်္ကျီကိုပါချွတ်လိုက်ပြီး မုန်းရောင်ကို စွပ်ကျယ်ထဲကို ထွေးခိုင်းဖို့ဟန်ပြင်လိုက်သည်.....။ မုန်းရောင်တစ်ယောက် ကိုရင်မောင့်ရဲ့ ခန္ဓာကိုယ်ဗလာကိုမြင်ပြီး ပါးစပ်ထဲက ကွမ်းတံတွေး နီကျင့်ကျင့်အရည်တွေတောင် ထွက်ကျမတတ်အံသြနေသည်...။ ကျုယ်ပြန့်လှသည့် အမွေးရေးရေးပေါက်နေသော ရင်သားညိုညိုကြီးနှင့် ချိုင်းကြားတွင် မည်းနက်နေသော အမည်းရောင်အမွှေးများက ဆွဲဆောင်နေပြီး တောသားပီပီ ဝမ်းဗိုက်ထက်က အညိုရောင် အဖုထစ်များဖြစ်သည့် six packsတွေကြောင့် မုန်းရောင်ပိုပြီးအံသြရသည်..။ ကြီးမားလှသည့် လက်မောင်းလုံးကြီးတွေကလဲ အကြောအပြိုင်းပြိုင်းထောင်ကာ လက်ကောက်ဝတ်အထိ ယှက်ဖြာနေသည့်အပြင် လည်ပင်ရိုးများက ကျစ်လျစ်နေသည်မှာ ယောက်ကျားပီသလှသည်....။ ချက်စ်နားကနေ အောက်ဘက်သို့စီတန်းကာ ပေါက်ရောက်နေသော အမွှေးနက်တစ်စုံကလဲ ဘယ်နေရာထိပေါက်ရောက်နေမှန်းမသိ ပုဆိုးအောက်ဘက်တွင် ကွယ်လွန်သွားသည်က လူတစ်ယောက်၏အသိစိတ်ကို သိချင်လာအောင် နှိုးဆွပေးနေသလို....။ မျက်တောင်တစ်ချက်မခတ် ကွမ်းတံတွေးများ ထွက်ကျမတတ် ကိုရင်မောင်၏ခန္ဓာကိုယ်ဗလာကို ငေးနေရသော မုန်းရောင်လေးတစ်ယောက် ကိုရင်မောင်ကမ်းနေသော စွပ်ကျယ်ကိုတောင် ယူဖို့မေ့နေရသည်..။

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now