အပိုင်း(9) [Zawgyi+Uni]

5.6K 638 40
                                    

For Zawgyi

ကြမ်းတမ်းလှသော တောလမ်းကိုဖြတ်ကာ သစ်ပင်သစ်ကိုင်းတွေကို လက်ဖြင့်ဖယ်ကရင်း ရွာထဲသို့ဝင်လာသည်..။ ရွာတွင် ထင်ရှားသောနေရာသည် မော်တင်အငူနှင့် မြစ်ဧရာ နှစ်ခုသာရှိသည့်အပြင် မော်တင်အငူက ရွာပြင်ဘက်တွင်တည်ရှိပြီး တောကိုဖြတ်ကာ သွားရသည်..။
သည်နေ့ကျမှ သစ်ပင်သစ်ကိုင်းတို့သည် စိမ်းစိုနေရာမှ ခြောက်သွေ့နွမ်းဖတ်သော အဝါရောင်အဖြစ်သို့ပြောင်းကာ ပြေးလွှားနေသော ကိုရင်မောင်အားနှစ်သိမ့်ပေးနေသည်.။
ခြေလှမ်းကျဲကျဲများဖြင့် ပုဆိုးတိုတိုဝတ်ကာ ပြေးလွှားနေသော ခြေအစုံသည် သူကြီးလှအိမ်ရှေ့ရောက်ခါနီးတွင် အရှိန်လျော့ တွန့်ဆုတ်နေသည်..။ နောက်မှ အပြေးလိုက်လာသော မြညိုသည်လည်း တွန့်ဆုတ်နေသော ကိုရင်မောင့်ကို လှမ်းဆွဲလိုက်ပြီး အထဲသို့ခေါ်ရန်ကြံရွယ်နေသည်....။ ကိုရင်မောင်တစ်ယောက် ပေ၄၀ပတ်လည်ရှိသော အိမ်ဝိုင်းလေးနှင့် ပျဉ်ထောင်ပတ်လည်ကာရံထားသော အိမ်၏ မတ်စောက်စောက်လှေကားလေးကို အမြန်အဆန်တက်ဖို့ အိမ်ရှေ့တွင် စုနေသော လူအုပ်စုကြားမှ တိုးဝှေ့ရင်း မုန်းရောင်နားသို့ အပြေးတက်သွားသည်..။ မုန်းရောင်အနားသို့ကပ်ရန် ဟန့်တားနေသော အတွေးများကို ဖယ်ရှားကာ တုန်ရီနေသော လက်အစုံဖြင့် သွေးများစွာထွက်နေသော ဖွားညိုရင်ခွင်ထဲက မုန်းရောင်ကို ကြည့်ရင်း နှလုံးသားတွေ တမြေ့မြေ့ကြေကွဲလာပြီး ဖွားညိုဆီမှ မုန်းရောင်ကို သူ့ရင်ခွင်ထဲသို့ အတင်းဆွဲပွေ့လိုက်သည်......။
ရင်ခွင်ထဲရောက်ရှိလာသော မုန်းရောင်၏မျက်နှာပေါ်တွင် ကျနေသော ဆံပင်များကို လက်ဖြင့်သပ်လိုက်ကာ သူ့လက်က နောက်စိဖက်ကိုခံထားတာကြောင့် စိုစိစိဖြစ်လာကာ သွေးထွက်နေသော နေရာကို အဝတ်စည်းရန် သူဝတ်ထားသော လက်ရှည်အကွပ်စိပ်ကို အားနဲ့ဆွဲဖြဲပြီး စည်းပေးလိုက်သည်......။

" ခင်ဗျားလေး..ခင်ဗျားလေး သတိရပါဦး..အကို့ရင်မောင်လာပြီလေ...ခင်ဗျားလေးသတိရမှ တူတူနေလို့ရမှာလေ...."

နီရဲစူးရှနေသော မျက်ဝန်းရဲရဲ၏ ထောင့်ဘက်နီနီမှ စီးကျလာသော မျက်ရည်များစွာတို့သည် ကိုရင်မောင်ရဲ့ မျက်နှာမှတဆင့် မုန်းရောင်၏ပါးပြင်ပေါ်သို့ စီးကျနေသည်...။
ထိုအချိန်တွင် ရွာသားများခေါ်ယူပင့်ဆောင်လာသော တစ်ဖက်ရွာ၏ဆရာမလေးသည် သူကြီးလှေကားမတ်မတ်ကနေ အသည်းအသန် ရုန်းကန်တက်လာပြီး ကိုရင်မောင့်ရင်ခွင်ထဲမှ မုန်းရောင်ကို စမ်းသပ်ကာ ဆေးဝါးများပြုလုပ်ပေးပြီး အနာကိုဆေးထည့်ပေးကာ ပတ်တီးဖြင့်စည်းပေးလိုက်သည်......။

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now