အပိုင်း(37) [Zawgyi+Uni]

2.9K 303 36
                                    

For Zawgyi

ကိုရင်မောင် တစ်ပွစိစိနှင့်လမ်းတစ်လျှောက် ကျောက်ခဲများကို ဖုန်ထအောင်အဝေးသို့ စိတ်တိုတိုနှင့်ပင်ကန်နေလိုက်မိသည်....။ အချိန်ကလည်း နေ့လည်မိုလို့ နေအရမ်းပူသည်......။ ထို့နောက်မြေပြင်ကိုမကြည့်မိပဲ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ မျက်လုံးတစ်ခုလုံးပြာသလိုလိုဖြစ်သွားသည်....။ ခြေထောက်ကကျောက်ခဲကိုကန်ရင်း ပြောနေတာကတော့မရပ်....။ ပြောသည့်စကားတိုင်းဟာ မုန်းရောင်ကောင်းကျိုးနဲ့ တစ်ရွာလုံးဆိုးကျိုးဆိုရင်ပိုမှန်သည်....။ မျက်လုံးအစုံက နေရောင်ကြောင့်ပြာနေတာမို့ ခဲလုံးကကြီးမှန်းသေးမှန်းမသိ ကန်လိုက်မိသည်....။ "အ"ဆိုသော အော်သံနှင့်အတူ ခြေမ,ကွဲကာ သွေးများကို မြင်လိုက်တော့ အညာသားကြီးတစ်ယောက် တော်တော်နာသွားပုံပေါ်သည်....။ ထိုသို့ဖြစ်သည်မှာ အခြားသူကြောင့်မဟုတ် သူ့ကိုယ်သူသာအပြစ်တင်ရင်း လက်ထဲတွင် ငှက်ပျောသီးနှစ်ဖီးနှင့်အုန်းသီးတစ်လုံးကိုကိုင်ကာ ဒွေးဒွေးဆီသို့ပြန်လာသည်...။ သို့ပေမဲ့ စပ်လွန်းသဖြင့် ခြေထောက်တစ်ဖက်က ထော့နဲ့ထော့နဲ့ပေါ့....။ သွေးထွက်အားကောင်းလွန်းတာရယ် အားကောင်းလွန်းတာရယ်ကြောင့် နီရဲရဲသွေးတွေဟာ လမ်းတောက်လျှောက် စီးကျနေသည်....။ ဒွေးဒွေးအိမ်ရှေ့ရောက်မှ ပြာနေသောမျက်လုံးက နဂိုအတိုင်းပြန်ဖြစ်သွားကာ ခြေထောက်ကိုရေအရင်ဆေးရင်းသွေးများကို သုတ်နေသည်..။ ခြေမ,ကွဲတာ တော်တော်ဖြစ်သွားပုံ...အသားစနည်းနည်းပြဲသွားတာကြောင့် ပါးစပ်မှ တကျွတ်ကျွတ်ညည်းကာ ခြေထောက်ကိုသာသန့်အောင်ဆေးလိုက်မိသည်...။ ထို့နောက် အိမ်ရှေ့တွင်သာထိုင်ကာ သန်မာလှသော သြဇာပြည့်သောအသံဖြင့် ဒွေးဒွေးကို လှမ်းအော်လိုက်သည်...။

"ဒွေးဒွေးရေ...ဒွေးဒွေး..."

နေပူကျဲကျဲကိုသွားနေသည့်ကိုရင်မောင်...။ ညနေနေအေးမှ သွားလို့ရပါရဲ့နှင့် နေမထိထိုင်မသာ လှုပ်နေမှကောင်းနေတာမို့ အလုပ်လုပ်နေခြင်း...။ ကိုရင်မောင်၏အော်သံကြောင့် နောက်ဖေးတွင် အလုပ်လုပ်ရင်းကနေ လက်ခုံဖြင့်ချွေးသုတ်နေတဲ့ ဒွေးဒွေးတစ်ယောက် ဝင်လာသည့်အတွေးက သူ့ကိုယ်သူအံသြစေရသည်....။

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now