အပိုင်း(16) [Zawgyi+Uni]

3.7K 394 25
                                    

For Zawgyi

မုန်းရောင်တစ်ယောက် တုန်ရီနေသော ခန္ဓာကိုယ်အစုံနှင့် အေးစက်နေသော လက်အေးများဖြင့် ကိုရင်မောင်ရင်ခွင်ထဲကို ဝင်ကာပြေးဖက်လိုက်ပြီး စကားစများကို တုန်ရီသောအသံတိုဖြင့် ငိုသံသဲ့သဲ့ပါအောင် ပြောလိုက်သည်.။

"ခင်ဗျားကြီး.ကျွန်တော်.ထပ်မြင်ပြန်ပြီ.ပြီးတော့.ကြောက်တယ်.သနားလည်းသနားတယ် ဘာလို့အတွေးထဲကကောင်လေးက ငိုနေတာလဲ...သူကဘယ်သူ့ကိုစောင့်နေတာလဲ."

အရမ်းကို တွေးနေတာကြောင့် စကားသံများက မပီတစ်ချက် ပီတစ်ချက်နှင့် ကြောက်စိတ်ထက် သနားသည့်စိတ်က ပိုပြီးအားသာနေသည်...။ မုန်းရောင်ကို ရင်ခွင်ထဲတွင် တင်းတင်းဖက်ထားကာ မျက်ရည်တွေကို သူ့ရဲ့လက်ကြမ်းကြီးနှင့် အညာသားပီပီသုတ်ပေးနေသည်..။

"ခင်ဗျားလေး...မကြောက်နဲ့နော်.ကျုပ်ရှိတယ်.ဘာမှမတွေးနဲ့အလာ့."

မုန်းရောင်တစ်ယောက် ကိုရင်မောင်၏ မျက်ရည်သုတ်ပေးနေသည့်လက်ချောင်းလေးတွေကို သူ့ရဲ့အေးစက်တုန်ရီနေသည့် လက်ချောင်းလေးတွေနှင့်စုပ်ကိုင်ကာ ပြောလိုက်သော စကားအတွေတွေကြောင့် ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားသည်..။

"ခင်ဗျားကြီးလည်း..ကျွန်တော့်အတွေးထဲက ကောင်လေးလိုမျိုး ကျွန်တော့်ကို ထားမသွားပါဘူးနော်...ကျွန်တော်
လေဘာလို့မှန်းမသိဘူးဗျာ...အတွေးထဲကကောင်လေးကို သိပ်သနားတာပဲ....သူဘယ်သူ့ကိုများစောင့်နေတာလဲဟင်...ကျွန်တော်တော့တွေးလေတွေးလေ အဲ့ကောင်လေးကို သနားလေပဲ...ခင်ဗျားကြီး မုန်းရောင်နားမှာ မိတ်ဆွေကောင်းတစ်ယောက်အဖြစ် ဘယ်တော့မှ ထွက်မသွားပါနဲ့နော်..အထီးကျန်ရတဲ့ဘဝကို ကျွန်တော်ကြောက်လဲကြောက်တယ်...ကျွန်တော့်အတွေးထဲကော အသိထဲမှာ အကို့ရင်မောင်အပြင် အခြားမိတ်ဆွေမရှိဘူး...ကျွန်တော့်ကို အမြဲဂရုစိုက်ပေးနော်..."

' ခင်ဗျားလေးရယ်..မိတ်ဆွေကောင်းတဲ့လားဗျာဟုတ်ပါတယ်ဗျာ..ခုချိန်မှာ အဲ့ထက်ပိုလို့မရတာ ကျုပ်သိပါတယ် '

" အင်းပါဗျာ..ကျုပ် ခင်ဗျားလေးဆီကနေ ဘယ်တော့မှထွက်မသွားဘူး..ဒီရွာမှာ ကျုပ်ဂရုစိုက်ပြီး ဖော်ဖော်ရွေရွေစကားပြောတာဆိုလို့ ခင်ဗျားလေးကလွဲလို့ ကျုပ်မှာ မရှိဘူး."

မုန်းရောင်ချစ်တဲ့အညာသားကြီး(Completed)Where stories live. Discover now