အပိုင်း- ၁

19.9K 562 18
                                    

🌻Unicode 🌻

မိုးစက်တို့သည် ပုလဲလုံးလေးများကဲသို့ ကောင်းကင်မှခုန်ဆင်းကြသည် ။ တဖြောက်ဖြောက်မြည်သံပြုကာ တဝေါဝေါဖြစ်သည်အထိ ရွာသည့်မိုးကို ကျွန်တော်သဘောကျသည် ။

ခန္ဓာကိုယ်ပေါ် လာစင်သောမိုးစက်များ၏ အေးမြလန်းဆန်းမှုကိုခံစားရသည် ။ စမ်းချောင်းလေးသဖွယ်စီးဆင်းနေသည့် ရေစီးကြောင်းအတွင်း ကျွန်တော့်ခြေထောက်တွေကို လှုတ်ရှားကစားနေမိသည် ။

မိုးရေချိုးရတာကို သဘောကျသည်ထက်ပို၍ နှစ်သက်သည် ။ ကျွန်တော့်လက်နှစ်ဖက်ကိုဆန့်တန်းကာ မိုးရေထဲတွင် လှည့်ပတ်ကစားသည် ။

"အန်တီငယ်ရေ........အန်တီလေးရေ....မှူးမိုးရေထွက်ချိုးနေပြန်ပြီ"

ကျစ်....မမမိငယ်စုတ်....အတိုင်အပြောထူပြန်ပြီ ။

အပေါက်ဝမှလှမ်းအော်သည့် မမမိငယ်အသံကို ကျွန်တော်ခြံဝန်းအတွင်းမှကြားရသည် ။ ကျွန်တော်တင်မဟုတ်ပါ ။ တစ်မြို့လုံးတောင်ကြားမည်ထင်သည် ။ အဲ့လောက်ထိ မမမိငယ်က အသံပါဝါကောင်းလေသည် ။

"မမမိငယ်ကလည်း....ခုမှမိုးရေချိုးမလို့ရှိသေးတယ်"

မိုးရေစက်များအားလက်ဖြင့်ခံရင်း ကျွန်တော်ပြန်အော်ပြောလိုက်သည် ။

"ကိုမှူး......အခုဝင်ခဲ့မလား.....ငါလာရိုက်ရမလား"

ဆင်ဝင်အောက်မှမေမေ့အသံအား ကျွန်တော်ကြားရသည် ။ ဒီပြဿနာသည် ကျွန်တော်မိုးရေချိုးတိုင်း တက်နေကြဖြစ်သည် ။

ကျွန်တော်သာ မိုးနတ်မင်းဖြစ်ခဲ့လျှင် တစ်နှစ်ပတ်လုံး မိုးရွာပေးမည် ။ ပြီးလျှင်ကျွန်တော် ကြိုက်သလောက်ထွက်ကစားမည် ။ မေမေတို့က ကျွန်တော့်စိတ်ကိုနည်းနည်းလေးမှ နားမလည်ပါ ။ ဆူဖို့ဟောက်ဖို့သာသိသည် ။

"မေမေကလည်း.....မိုးတိတ်မှလာမှာပါဆို..."

ကျွန်တော့်ခြေထောက်အောက် ရေစီးကြောင်းငယ်အား ခြေထောက်ဖြင့်ကန်လိုက်သည် ။ ဆင်ဝင်အောက်ရပ်နေသည့်မေမေက ထီးတပြင်ပြင်ဖြစ်နေလေပြီ ။

"အခုနင်လာမလား....ငါလာရမလား..."

"မေမေပဲလာ...."

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now