အပိုင်း- ၂၁

2.8K 162 61
                                    

🌻Unicode 🌻

ခပ်တိုးတိုးလေးပျံ့လွင့်လာသောသီချင်းသံကို ကျွန်တော်ဆိုင်ပေါက်ဝဆီမှကြားရသည်။ အကြင်နာရဲ့မွေးနေ့ဆိုတာ နှစ်တိုင်းစည်စည်ကားကားကျင်းပစမြဲ။ ကျွန်တော်ကတော့ နှစ်တိုင်းသူမမွေးနေ့ကိုမေ့စမြဲ။

တွေ့နေကျဆေးရုံဝန်ထမ်းများက ရောင်စုံအဝတ်အစားများဖြင့် ထူးထူးခြားခြား လှပနေကြသည်။ အလှအပမျိုးစုံတို့ဖြင့် စည်ကားနေသောလူအုပ်ကြားထဲကျွန်တော်တိုးလျှောက်လိုက်သည်။

"ဟဲ့....ကိုစစ်...မင်းတစ်ယောက်တည်းလား"

စားပွဲတစ်ခုမှထိုင်နေသည့်လင်းဆက်က ကျွန်တေည့်ကိုလက်ယက်ခေါ်ရင်းစကားဆိုသည်။ မျက်လုံးကလဲဂနာမညိမ် ဟိုငေးလိုက်ဟိုချောင်းလိုက်နှင့် ။

ကျွန်တော့်ထက်အရင် ဘယ်အချိန်တည်းကရောက်နေမှန်းမသိသည့်လင်းဆက်။စားပွဲပေါ်တွင်လဲ စားစရာအစုံနှင့် ။

"ငါပဲပေါ့....ဘယ်သူပါရမှာလဲ.."

"ဟဲ....ငါကမှူးများပါလာမလာလို့မျှော်နေတာကွ....ကြည့်စမ်းငါ့စတိုင်မမိုက်ဘူးလား"

"ဟား....ဟား....မိုက်ပ"

အဖြုရောင်တီရှည်ဗြောင်ပေါ်တွင် ဂျင်းကုတ်အဖြူကိုထပ်ဝတ်ထားသည်။ထိုကုတ်သည်လှသလို စျေးလဲကြီးလေသည်။ ကျွန်တော်ကဖက်ရှင်ကိုစိတ်မဝင်စားဖြစ်ပေမယ့် အနည်းအကျဥ်းလောက်တော့ သိလေသည်။

"မင်းဘာလက်ဆောင်ယူလာတာလဲ"

"မပြောပြပါဘူး.....အကြင်နာကဘယ်မှာလဲ"

"ဟိုးစားပွဲမှာ....."

လင်းဆက်ညွှန်ပြသည့်နေရာကိုကျွန်တော့်လှမ်းကြည့်လိုက်သည်။

ရွှေအိုရောင်အဆင်းရှိသောဝမ်းဆက်ကိုဝတ်ဆင်ထားသူ။မြန်မာဆန်ခြင်းအား ဘယ်အချိန်မှမစွန့်လွှတ်သူ။ရွှေအိုရောင်ပိုးတွဲချိတ်နှင့်သူမသည် မြန်မာဆန်စွာ။

ဒီလိုပွဲမျိုးတွင် ဒီလိုဝတ်စားလိမ့်မည်ဟု ကျွန်တော်မထင်မိတာအမှန်။ ခါးထိရှည်သောဆံနွယ်တို့အား တစ်ဝက်ကိုကလစ်ဖြင့်ညှပ်ကာ တစ်ဝက်ကိုအောက်သို့ချထားသည်။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now