အပိုင်း- ၅

4.5K 323 24
                                    

🌻Unicode 🌻

ကျွန်တော်မှန်ရှေ့ရပ်နေတာ တော်တော်ကြာနေချေပြီ ။ ကုတင်ပေါ်လည်း အဝတ်အစားအပုံလိုက်ဖြစ်နေပြီ။ စိတ်တိုင်းမကျတိုင်း ချွတ်လိုက် ဝတ်လိုက်နှင့် ။

ဒီဟာလေးဆိုရင်ရော.....။

နောက်ဆုံးတော့ အစိမ်းနုရောင်ဆွယ်တာလေးနှင့်သာ ဓာတ်ကျသွားလေသည် ။ မှန်ထဲမှကိုယ့်ပုံကိုယ်ပြန်ကြည့်ရင်း ကျွန်တော်ပြုံးမိသည် ။

ကိုကိုမျက်လုံးထဲမှာ.....ကြည့်လို့လှနေရောက်ပါရဲ့ ။

ကျွန်တော့်စားပွဲပေါ်တင်ထားသည့် နွားနို့ဖန်ခွက်ကိုကိုင်၍ နှစ်ငုံ့လောက်မော့သောက်လိုက်သည် ။ ရင်ထဲလှိုက်ဖိုစွာဖြင့် အောက်ထပ်သို့ဘယ်လိုဘယ်ပုံရောက်လာမှန်းတောင်မသိတော့ချေ ။

ဧည့်ခန်းထဲမှမေမေအား ကျွန်တော်လှမ်းရယ်ပြတော့ "သွားချင်နေတာမှတ်လား....နေ့လည်၁၂မထိုးခင်ပြန်လာခဲ့" ဟုမှာတမ်းခြွေလေသည် ။

ကျွန်တော်ခေါင်းညိမ့်ပြရင်း ခြံထဲပြေးထွက်လာခဲ့သည် ။ ခြံထဲမှမမမိငယ်အား ရှာထုတ်ပြောင်ပြပြီး ကိုကိုတို့ခြံဘက်ကူးလိုက်သည် ။

ကိုကိုတို့ခြံရှေ့မှာရပ်ရင်း အထဲမှအခြေအနေကိုအကဲခတ်သည် ။ အနက်ရောင်ကားလေးရပ်ထားသည့်အတွက် ကိုကိုရှိတာသေချာသည် ။

ရင်တွေဟာ ကိုကိုနှင့်မတွေ့ခင်ကတည်းက ခုန်နေချေပြီ ။

"ကိုကိုရှိလား.....ကိုကို"

ကျွန်တော်အော်ခေါ်တော့ အသက်လတ်ပိုင်းလူကြီးတစ်ယောက်ထွက်လာသည် ။ ကျွန်တော့်ကိုခေါင်းအစခြေအဆုံးကြည့်ကာ အနံ့ခံသလိုနှာခေါင်းကိုတစ်ရှုံ့ရှုံ့လုပ်နေလေသည် ။

"ဘယ်က ကိုကိုလဲ....ဘယ်ကိုကိုမှမရှိဘူး"

"ကိုကိုဒေါက်တာစစ်သူရမင်းကိုပြောတာ....ဖွင့်ပေးမြန်မြန်"

ကျွန်တော်တံခါးကို တဒုန်းဒုန်းမြည်အောင် ဆောင့်ဆွဲတော့ ချက်ချင်းဖွင့်ပေးသည် ။

ကျွန်တော် မာလကာပင်ကြီးအား တချက်လှမ်းရှိုးရင်းအိမ်ထဲသို့ဝင်လိုက်သည် ။ ဆိုဖာပေါ်ထိုင်နေသည့်အမျိုးသမီးကြီးက ကျွန်တော့်ကိုငေးကြည့်နေ၏။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Tempat cerita menjadi hidup. Temukan sekarang