အပိုင်း- ၂၆

4K 170 74
                                    

🌻Unicode 🌻

ကောင်းကင်သည် မူလအတိုင်း ကြည်လင်ရှင်းသန့်နေသည်။လေရူးသုန်သုန်တို့ကလဲ သဘဝအတိုင်း တိုက်ခတ်နေဆဲ။

အရာရာဟာ ပုံမှန်နေ့တွေကအတိုင်း ဖြစ်ပျက်နေဆဲပါပဲ။ဒါပေမယ့် ဘာလို့များ ကျွန်တော့်တို့ကျမှ သာမန်မဟုတ်ကြရတာလဲ။

အချိန်တွေကိုနောက်ဆုတ်လို့ရလဲ ကျွန်တော်ဒီအခြေအနေတွေကိုပဲဖန်တီးနေဦးမှာ။ကိုကို့အမည်နာမနဲ့ချည်တဲ့ကြိုးမို့ ကျွန်တော့်အပေါ်ခိုင်မြဲနေမှာပါ။

ကိုကို့မှာရွေးချယ်စရာမရှိခဲ့လို့ တဲ့။ ကျွန်တော့်မှာလဲရွေးချယ်ခွင့်မရှိလို့သာပါ။နို့မို့ဆို ကိုကို့ကို ကျွန်တော်နဲ့အဝေးဆုံးမှာထားမယ်တဲ့လား။

ရူးမတက်ချစ်ခဲ့မိတယ်ဆိုပြီး အခုထိကျွန်တော်မရူးသေးတာတော့ စိတ်ပျက်ဖို့ကောင်းသည်။တကယ်ဆိုကျွန်တော် ရူးနေသင့်ပြီ။

"မှူး.....အဲ့လိုဆက်တိုက်ငိုနေလို့မဖြစ်ဘူးနော်...သုံးရက်ရှိနေပြီ..ကိုယ့်အတွက်လဲစဥ်းစားဦး"

ကျွန်တော့်အတွက်စဥ်းစားတာပေါ့။ကိုကိုမရှိဘဲ ရှေ့ဆက်ရမယ့်အနာဂတ်အကြောင်း။

"ဟမ်း...ပြစ်ထားလိုက်စမ်းပါ....ရင်ကွဲပြီးတော့သေသွားပါစေကိုကိုမှပြန်မလာတော့ဘဲ"

ကန်ရေပြင်ကိုငေးနေသော ကျွန်တော့်ခန္ဓာကိုယ်ကို အကိုလင်းဆက်က ဆက်ခနဲဆွဲလှည့်ပြီး သူနှင့်မျက်လုံးချင်းဆုံစေသည်။

"မှူးသေသွားတော့ရော...ဘာတွေထူးလာမလဲအကို့ကိုပြောပြ..."

"ဟင်း...သား ဘာမှမခံစားရတော့ဘူးပေါ့"

"မဟုတ်ဘူးမှူး....မှားနေတယ်...အကိုပြောပြမယ်"

အကိုလင်းဆက်က အသက်ပြင်းပြင်းတစ်ချက်ကိုရှူရှိုက်ရင်း ကျွန်တော့်ပခုံးပေါ် လက်လာတင်သည်။ပြီးနောက်

"မှူးသာအသက်ရှိနေရင်....သူ့ကိုရအောင်ယူနိုင်သေးတယ်...မှူးကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့အချိန်ကျရင်...ကိုစစ်ကို မှူး ပြန်ယူလို့ရပြီ..အကိုပြောတာနားလည်လား"

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရင်..အင်းဟုတ်တယ်...ကိုကို့ကို..ကျွန်တော်...ကျွန်တော်မပြည့်စုံသေးလို့...ကို့ကိုကို အကြင်နာဆီမှာ..ခဏထားထားတာ..ဟုတ်တယ်။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now