Extra( အခမ်းနားဆုံး လက်ထပ်ပွဲ)

1.2K 51 5
                                    

🍀Unicode 🍀

အချစ်ဦးနဲ့လွဲဖူးကြလား။ကျွန်တော်သိတဲ့ လူတစ်ချို့ကတော့ အချစ်ဦးနဲ့လွဲဖူးကြတယ်။အနီးဆုံးမှာရှိနေတဲ့ ကောင်လေးတစ်ယောက်လဲ အပါအဝင်ပေါ့ ။ဒီကောင်လေးက အချစ်ဦးကိုရူးသွပ်ခဲ့တယ်။သူလုပ်ခဲ့သမျှ ကလေးဆန်မှုတိုင်းက အချစ်ဦးကိုပိုင်ဆိုင်လိုစိတ်ကြောင့်ပဲ။

တစ်ဦးကအတိုင်းအဆမရှိချစ်တယ်။တစ်ဦးက စည်းတွေဘောင်တွေနဲ့ကာရံတယ်။ညီမျှမှုမရှိတဲ့ ချစ်ခြင်းတစ်ခုက ဝေးကွာသွားတာကောင်းပါတယ်။ဒါကို ဒီကလေး သေချာပေါက်နားလည်မှာပါ။

ကျွန်တော်ခိုးချစ်ခဲ့ရတဲ့ကောင်လေး။ကလေဆန်တဲ့ ကလေးငယ်တစ်ယောက်ကို ကျွန်တော့်လိုရင့်ကြပ်ပြီးသားလူတစ်ယောက် မြင်မြင်ချင်းချစ်ခဲ့မိတယ်။ပိုင်ဆိုင်လိုစိတ်ဆိုတာ သူနဲ့မှပထမဆုံး။

ပိုင်ဆိုင်ချင်ပေမယ့် မဝင့်ရဲခဲ့ဘူး။မှူးနဲ့ကိုစစ် တကယ်ကိုလိုက်ဖက်လွန်းကြတာကို ။အချစ်တွေထပ်တူမကျရုံကလွဲရင်ပေါ့။

အချစ်ဦးနဲ့လွဲခဲ့တဲ့မှူး နောက်တစ်ကြိမ်ထိတွေ့မိတဲ့အချစ်မှာတော့ ပျော်ရွှင်စေလိုတယ်။ထိုချစ်ခြင်းမှာ ကျွန်တော်က ကံအကောင်းဆုံးလူသား။မှူးက အပျော်ရွှင်ရဆုံးလူသားဖြစ်ခဲ့တယ်။

မေတ္တာမှန်ရင် ရောင်ပြန်ဟပ်ပါတယ်။ဒီစကားကိုကျွန်တော်ယုံတယ် ။ဘာလို့လဲဆိုရင် ကျွန်တော်ချစ်ရတဲ့ကောင်လေးက ကျွန်တော့်ရဲ့အုံ့မိုးမှုတွေအောက်မှာ။

"အကို ဘာကြည့်နေတာလဲ"

"လှလို့...."

"ဟွန်း..... "

ရှက်ပြုံးကလေးပြုံးနေပါသော ကျွန်တော့်ချစ်သူ။ညနေကမှ လောလောလတ်လတ် သွေးလူးပေးထားသည့်သနပ်ခါးက သူ့ပါးပြင်တွေပေါ်နေရာယူလို့။သနပ်ခါးအကာအကွယ်နဲ့ ရဲနေတဲ့ပါးနှစ်ဖက်ကိုမမြင်ရပေမယ့် သေချာပေါက်မှူးရှက်နေတာကျွန်တော်သိ၏။

နှဖူးပြင်ဆီအနမ်းခြွေတော့ ခါးဆီကိုသိုင်းဖက်လာသည့်လက်တွေက နွယ်ပင်တွေလို။အခုချိန်ထိ မှူးဟာကျွန်တော့်လူ၊ကျွန်တော့်ပိုင်ဆိုင်မှုပါလို့ မယုံနိုင်သေးချေ။အိမ်မက်လား တကယ်လား ဝေခွဲမရတဲ့အခိုက်အတန့်တွေ အများကြီး။အချစ်ဟာ ထိုကဲ့သို့ပဲလား။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now