အပိုင်း- ၂၃

3.7K 185 21
                                    

🌻Unicode 🌻

မှောင်ရိပ်ကျနေသောအခန်းငယ်။လရောင်သည်ခန်းစီးမှကျော်၍ အခန်းအတွင်းဖြာကျနေသည်။ထောင့်တစ်နေရာတွင်ထိုင်နေသောကျွန်တော်။

အဖြစ်အပျက်တစ်ခုလုံးသေချာစဥ်းစားကြည့်လိုက်လျှင် အစကတည်းက ကျွန်တော်မှားခဲ့တာ။

ဗီဒီယိုတစ်ခုပြန့်နှံ့သွားချိန်မှာ ကလေးအတော်ခံစားရရှာမှာ။ကျွန်တော့်အတွက်ဆို အရာရာအဆုံးအရှုံးခံမယ့်ကလေးအပေါ် ကျွန်တော်ဘယ်လိုလုပ်မှတရားမယ်မှန်းမသိ။

အကြင်နာကို အကျိုးအကြောင်းပြောမည်ပြင်တော့ တစ်လောကလုံးကသိပြီးနေပြီ။ ပိုဆိုးတာက နှစ်ဖက်မိဘတွေသိခဲ့ကြခြင်းပင်။

ကျွန်တော် ဘယ်လိုမှငြင်းလို့မရတော့သလို မနက်ဖြန်ဆိုလျှင် အကြင်နာနှင့်စေ့စပ်ရတော့မည်။ကျွန်တော် ပျော်သင့်လား မပျော်သင့်လားတောင်မသိတော့။

ကျွန်တော်လမ်းခွဲမယ်ပြောတော့ ညှိုးဖျော့သွားသောမျက်ဝန်းနက်လေးများနှင့် ကလေးကျွန်တော့်ကိုကြည့်နေသည်။ကျချင်နေသည့်မျက်ရည်များအား မကျအောင်ထိန်းထားရတာ ဘယ်လောက်ပင်ပန်းလိုက်မလဲ။

ဒီအကောင်သေးသေးလေးကို တစ်သက်လုံးဖက်ထားနိုင်ဖို့ စိတ်ကူးယဥ်ခဲ့ဖူးတယ်။နောက်ဆုံးထွေးပွေ့ခဲ့စဥ်က ဆုံးရှုံးတော့မယ်မှန်း ကျွန်တော်တန်းသိလေသည်။

ယောကျာ်းလေးတစ်ယောက်အတွက်နဲ့ နင့်နင့်သည်းသည်းခံစားခဲ့ဖူးတာ ဒါပထမဆုံးအကြိမ်ပါ။ ကျွန်တော့်နှလုံးသားတွေ နင်းချေခံထားရသလို။

တောင်းပန်ပါတယ်ကလေးရယ်....ကိုကိုဒီစကားကလွဲပြီး.....မပြောတတ်ခဲ့လို့။

ဘယ်ဘက်ပါးပြင်ပေါ် မျက်ရည်ဥတို့ကလှိမ့်ဆင်းသည်။

ဘာလို့ငိုနေရတာ.....မင်းကယောကျ်ားပဲ....ယောကျ်ားတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုပဲလက်ထပ်ခွင့်ရှိတာလေ။

ကျွန်တော့်အားပေးစကားက အရာမရောက်။ပိုပိုလို့တောင် စီးကျလာသေးသည်။

ကျွန်တော်ငိုနေတာမဟုတ်ပါ။ မျက်ရည်များသာ တလှိမ့်လှိမ့်ကျဆင်းလာခြင်း။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now