အပိုင်း- ၇

3.8K 247 9
                                    

🌻Unicode 🌻

ကျွန်တော် အိပ်မပျော်နိုင်စွာ ကုတင်ပေါ်လူးလိမ့်နေမိသည် ။မိုးသံတဖြောက်ဖြောက်သည် အရင်တုန်းကကျွန်တော်သတ်မှတ်ခဲ့သည့် ချော့တေးတစ်ပုဒ်လိုနားထောင်မကောင်းတော့ ။

ကိုကိုနှင့်ဆေးရုံလိုက်ခဲ့ရစဥ်က အဆမတန်ပျော်ရွှင်ခဲ့ရသည် ။

ကိုကိုနှင့်ခင်မင်ခွင့်ရသည်ကိုပင် ပျော်မဆုံးနိုင်ဖြစ်နေခဲ့သည် ။

ကမ္ဘာမှာကျွန်တော့်လောက်ကံကောင်းတဲ့လူ ရှိသလားလို့မေးရမည့်အချိန်တွင် ကျွန်တော့်ထက်ကံကောင်းတဲ့လူနှစ်ယောက်ပေါ်လာလေသည် ။

ကျွန်တော့်ထက်အချိန်ကြာမြင့်စွာ ပိုခင်တွယ်ခဲ့ကြသည့်အဲ့ဒီ့လူနှစ်ဦး ။ ကိုလင်းဆက်ကတော့ ဓာတ်ပုံထဲကထက် ပိုကြည့်ကောင်းသည် ။

ညိုသော​်လည်း ဝင်းသောအသားအရေ ။ မျက်ခုံးမျက်လုံးကောင်းကောင်းနှင့် ကျွန်တော့်အပေါ်လည်း ဖော်ရွေသေးသည် ။

အကြင်နာလို့ဆိုသည့်အမျိုးသမီးကိုတော့ ကျွန်တော်သဘောမကျပေ။ နှစ်ခါပြန်ငေးရသည့်အလှမျိုးနှင့်သူမသည် ကိုကိုနှင့်အနီးကပ်ဆုံးရှိနေခဲ့သည်တဲ့။

ကျွန်တော်မကျေနပ်ပါ ။ ကျွန်တော့်ထက် ကိုကိုနှင့်အရင်တွေ့ခဲ့ရ့သည်သူမ ။ ရင်းနှီးသည့်သူတို့နှစ်ယောက်ဆက်ဆံရေး ။

အခြားသူများက နေနဲ့လ ရွှေနဲ့မြလို့ပြောရင် ကျွန်တော်ဘုကလန့်ဆန်စွာပြန်ပြောမိမှာ ။

"ခေါင်းရင်းအိမ်ကကောင်လေး "ဟု ကိုကိုမိတ်ဆက်ပေးတုန်းက "ငါ့ထက်ခင်လို့မရဘူးနော်" ဆိုသည့်စကား ။

အဲ့တာကိုကိုနဲ့ပဲဆိုင်တာ....သူနဲ့ဆိုင်တာမှမဟုတ်တာ ။

ချစ်စရာလေးနော်....မိန်းကလေးဆန်တယ် ဆိုသည့်စကားတွင် ကျွန်တော်ဒေါသအလိပ်လိပ်ထွက်ခဲ့ရသည် ။

သာမန်ယောကျ်ားလေးများကဲ့သို့ တူညီစွာတည်ရှိသည့်ကျွန်တော်က မိန်းကလေးနှင့်တူသတဲ့လား ။

လူကောင်သေးလို့လား ၊ အသားဖြူလို့လားဆိုတာတော့ မသိချေ ။ သူမ၏အကြည့်များကို မနှစ်မြို့ ။ ကိုကို့အနားရှိနေတာလဲမကြိုက် ။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now