အပိုင်း-၂၉(ဇာတ်သိမ်း)

9.5K 282 175
                                    

🌻Unicode 🌻

လေးနှစ်ခန့်ကြာသောအခါ.....။

"အား....အခုခေတ်ကလေးတွေသိပ်တော်ကြပါလားမိန်းမ"

"ဘာလို့လဲ..."

"ဖေဖေ...ဘာလို့လဲ"

ဖေဖေ့စကားကြောင့် တစ်မိသားစုလုံး၏အကြည့်သည် ဖေဖေထံသို့စုပုံကျရောက်သွားသည်။

"ဖေဖေရန်ကုန်ကိုအလုပ်ကိစ္စနဲ့သွားတော့ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်..ကောင်လေးဆိုပေမယ့် အတော်အသင့်အောင်မြင်နေတဲ့စီးပွားရေးသမားတစ်ယောက်ပဲ...ရှယ်ယာစျေးကွက်တွေကိုလဲ တော်တော်ကစားထားနိုင်တယ်"

ဖေဖေ့စကားကြားတော့ တစ်ချိန်က စီးပွားရေးတက္ကသိုလ်တက်ခဲ့သော ကောင်ကလေးကိုမျက်လုံးထဲပြေးမြင်လာသည်။

ကောင်းကောင်းမွန်မွန်ရှင်သန်လာခဲ့မယ်ထင်ပါတယ်။

"ရှင့်ပါးစပ်ကချီးကျူးပြီဆိုရင်..တော်ရုံကလေးတော့မဟုတ်ဘူး"

"ဒါပေါ့မိန်းမရ...ရုပ်ရည်ကလည်း သပ်ရပ်ပြေပြစ်တယ်...ငွေကြေးကလဲချမ်းသာနဲ့...ဒီကလေးကိုစိတ်ထဲကနေ ခင်နေမိတာပါပဲကွာ..."

"တော်ထမင်းစားတော့မဖိတ်ခဲ့ဘူး..."

"အပြောနောက်ကျတယ်မိန်းမရ...သူလဲမန္တလေးလာဖို့ရှိတာနဲ့ ဖိတ်ခဲ့ပြီးပြီ"

ဖေဖေနှင့်မေမေပြောနေသည့်စကားဝိုင်းထဲ ကျွန်တော်တို့လင်မယားဝင်မပါချေ။

"နာမည်လေးဘာလေးပြောပြထားပါအုန်း...ရှင်မရှိတဲ့အချိန်လာရင် ကျွန်မဧည့်ခံထားရအောင်ပေါ့"

"နာမည်ကလဲအဆန်းကွ....မှူးသံဇဥ်တဲ့"

"ချွမ်း...."

ကျွန်တော့်လက်ထဲမှခရင်းသည် ကြမ်းခင်းကြွေပြားပေါ်သို့ လိမ့်ဆင်းသွားလေသည်။မဖြစ်ပါစေနဲ့ဟု ဆုတောင်းခဲ့သမျှဟာမပြည့်။

"ဖေ...ခရင်း...ကျ...ကျ..သားသား..ကောက်ကောက်"

"ဪ...အင်း ဖေ့သား"

သားသားသည် ကျွန်တော်ကျသွားသော ခရင်းကိုကောက်ရန် သူ့အမေပေါ်မှလှိမ့်ဆင်းတော့သည်။

၂နှစ်ခွဲလောက်သာရှိသေးသည့် သားစစ်မင်းနွယ်လေးက စကားတအားတတ်သည်။ဝဝကစ်ကစ်လေးနဲ့မို့ မြင်သူတကာချစ်ကြလေသည်။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now