အပိုင်း- ၉

3.5K 246 5
                                    

🌻Unicode 🌻

ထိုနေ့ည ။ ကြယ်ရောင်စုံတို့သည် မဟူရာကောင်းကင်ထက် တောက်ပစွာတည်ရှိနေသည် ။ ဝိုင်းပြည့်ခါနီးသော လမင်းပျိုသည်လည်း တောက်ပစွာဖြင့် ။

တစ်ဖြတ်ဖြတ်တိုက်ခံလာသောလေပြေအဝှေ့တွင် စကားဝါပန်းရနံ့တို့က ထုံမွှန်စွာပါဝင်လာသည်။ တိတ်ဆိတ်သော ည၏အလယ် လှပသောပန်းချီကားတစ်ချပ် အသက်ဝင်နေသည် ။

မီးရောင်ဖျော့ဖျော့သည် ကိုကို့မျက်နှာပေါ် တစ်ဝက်ဖြတ်ကျလျက်ရှိသည် ။ ကျွန်တော်သည် ကိုယ့်ကိုကိုယ်ကံကောင်းတယ်ဟု ထင်မိသည် ။

မီးရောင်အောက်တွင် တောက်ပနေသော ကိုကို့မျက်လုံးများသည် ကြယ်ပွင့်လေးတစ်ပွင့်နှယ်။

ကိုကို့မျက်ဝန်းများသည် ကောင်းကင်ထက်သို့ရောက်နေသော်လည်း ကျွန်တော့်အကြည့်များသည် ကိုကိုဆီမှာသာကပ်ကျန်နေခဲ့သည် ။

"မှူး... ကိုကိုနဲ့တကယ်အိပ်လို့ဖြစ်ပါ့မလား"

ပြန်လည်စုံစည်းသွားသည့်မျက်လုံးနှစ်စုံ ။ သံလိုက်ဓာတ်ကဲ့သို့ ကိုကို့မျက်လုံးတွေကို အဝေးမလွင့်သွားအောင်ဆွဲဆောင်ချင်သည် ။

"နှစ်ယောက်လည်း သား အိပ်တတ်ပါတယ်ကိုကို....သား အိပ်ရေးမကြမ်းပါဘူး"

"ဟုတ်ပါပြီကွာ.....ကြယ်တွေကိုကြည့်ကြရအောင်နော်မှူး"

ကိုကို့အကြည့်များ ကျွန်တော့်မျက်ဝန်းဆီမှလွှတ်ထွက်သွားသည် ။

ဘေးတဇောင်းမြင်ရသည့် ကိုကို့မျက်နှာထား ၊ ယောက်ျားဆန်သည် လည်စေ့ ၊ ချွန်ပြီးသွယ်သောမေးရိုးများ။

ကိုကိုကကြည့်ကောင်းတာထက်ပိုလွန်းတယ်...။

ကောင်းကင်ထက်မှကြယ်တို့သည် ကိုကို့အပြုံးလောက်မတောက်ပနိုင် ။ ပြည့်ဝိုင်းနေသောလမင်းသည်လည်း ကိုကိုလောက်ဆွဲငင်အားမရှိ ။

ညှို့သောပင်လယ် ၊ ဆွဲငင်သောလမင်းဟူသည့်စာသည် ကျွန်တော့်အတွက်တော့မှားသည် ။ ကိုကိုက ပင်လယ်ထက်ပင်ညှို့အားကောင်းသူ၊ လမင်းထက်ပင် ပိုဆွဲငင်နိုင်သူ ။

"မှူး.....ကြယ်ကြွေတာကိုတွေ့လိုက်လား...."

​"တွေ့တယ်လေ.... "

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Där berättelser lever. Upptäck nu