အပိုင်း- ၈

3.4K 233 11
                                    

🌻Unicode 🌻

"မေမေ.....အလုပ်ရှုတ်နေလား..."

"လာလေသားငယ်....မင်းကိုပြမလို့လက်စွတ်တွေပါလာတယ်"

ကျွန်တော်ရှေ့ထိုးပေးလာသောဗန်းငယ်ထဲတွင် လှပစွာတည်ရှိနေသည့်လက်စွတ်များ ။ ကျွန်တော် တစ်ကွင်းပြီးတစ်ကွင်းကိုင်ကြည့်သည် ။

"ချွေးမလေးအတွက်ဆို...အမေရွေးပေးမှာနော်..."

"မဟုတ်ပါဘူးမေမေရာ"

ကျွန်တော့်လက်ထဲရောက်လာသည့်လက်စွတ်လေးကိုကြည့်လိုက်သည် ။ မည်သည့်ရတနာမှစီခြယ်မထားသည့် ဒီလက်စွတ်ကိုသဘောကျသည် ။

ကျွန်တော့်အတွေးထဲ မှူးဝင်လာသည် ။ နူးညံ့သွယ်လျသော လက်ချောင်းငယ်လေးများ ။ ထိုလက်ချောင်းငယ်များထက် ဤလက်စွတ်ကလေးနှင့် လိုက်ဖက်နေမည်ထင် ။

ကလေးနဲ့ဆိုသိပ်လိုက်ဖက်နေမှာ.....။

"မေမေ...သားဒါယူလိုက်ပြီ "ဟုဆိုကာ

ကျွန်တော့်ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်သည်။

"သားနဲ့ဆိုသေးမနေဘူးလား...."

"မသေးပါဘူးမေမေရဲ့....သားမှူးတို့အိမ်ဘက်ခဏသွားဦးမယ်"

"သွားလေ...."

သူ့ပစ္စည်းများနှင့်တွေ့လျှင် မွေးကာစကလေးလို ဂရုတစိုက်လုပ်တတ်သူမို့ ကျွန်တော့်အားမော်တောင်မကြည့် ။ ​

ခြံထဲမှနှင်းဆီတစ်ပွင့်ကိုခူးပြီး မှူးတို့ခြံဘက်ကူးလိုက်သည် ။ မှတ်မိနေသည့်ခြံစောင့်ဦးလေးကြီးက တံခါးလာဖွင့်ပေးသည် ။

မှူးတို့ခြံထဲမှာတော့ ကျောက်သပြေအချို့နှင့် စကားဝါပင်တစ်ပင်သာရှိသည် ။အိမ်ထဲတွင် မှူးအန်တီလေးကိုသာတွေ့ရသည် ။

"ဪ....သားလေ...လာလေ...မင်းညီဆီလာတာလား"

ဧည့်ကြိုစကားနှင့်အတူ မေးခွန်းအချို့ပါ ပါလာသည် ။

"ဟုတ်....အန်တီ"

"မင်းအန်တီငယ်ကတော့....ဆိုင်ခဏပြေးသွားတယ်....မင်းညီကအခန်းထဲမှာ အိပ်နေမလားပဲ"

"ရပါတယ်... အန်တီ...နေပါစေ"

"တက်သွား...သား....သူ့အခန်းရှေ့မှာ ကားတွန်းပုံတွေကပ်ထားတယ်"

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now