အပိုင်း- ၆

3.8K 289 6
                                    

🌻Unicode 🌻

ဆေးရုံလိုက်မည်ဆိုသည့်ကောင်လေးကြောင့် တစ်ညလုံး လူးလိမ့်ကာစဥ်းစားဖြစ်ခဲ့သည် ။  အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲသည့်ကောင်လေးအား ကျွန်တော်စောင့်ရှောက်နိုင်လေမလား ။

လူရှုတ်သည့်ဆေးရုံဝန်းထဲ ပျောက်သွားမှာလဲစိုးရသလို သွေးတွေဘာတွေ​ကြောက်တတ်ရင်များဟုဆိုတာ စိတ်ပူပေးရသေးသည်။

သို့သော် ကျွန်တော်တတီတီအသံပေးတော့ သူ့မေမေနှင့်အန်တီလေးအားနှုတ်ဆက်ရင်း ကျွန်တော့်ဆီပြေးလာလေသည် ။

ကားတံခါးကိုဖွင့်ကာဝင်ထိုင်တော့ ကျွန်တော့်ခေါင်းထဲနောက်ခနဲဖြစ်သွားသည် ။

"ဟို...ရေမွှေးစွတ်တာများသွားလို့..."

ကျွန်တော့်မျက်နှာသိသိသာသာ ပျက်ယွင်းသွားမိသည်ထင်သည် ။ ချက်ချင်းအဖြေပြန်ပေးလာသည် ။

"ဟိုရောက်ရင် လိမ်လိမ်မာမာနေမှာသေချာလား....."

"ဟုတ်...ကိုကို...သားလိမ်မာမှာပါ"

ပေါင်ပေါ်တင်ထားသည့်အထုတ်ထဲတွင်လဲ မုန့်ထုတ်ပေါင်းစုံဖြင့် ။

ကျစ်....ဒီကလေးကွာ။

"မုန့်တွေဘာလို့ယူလာတာလည်း....ကိုကိုဝယ်ကျွေးမှာပေါ့"

"သားကလိမ်မာမှာလေ....ကိုကို့ကိုပူဆာရင်ဘယ်လိမ်မာတော့မလဲ"

ရွှန်းစိုသောမျက်လုံးများဖြင့် ကျွန်တော့်ကိုကြည့်ရင်းဆိုသည် ။ သဘာဝအတိုင်း တောက်ပနေသည့် နီထွေးထွေးနှုတ်ခမ်းပါးတစ်စုံဆီမှ ကျွန်တော့်အကြည့်များမခွာနိုင် ။

သူ့လက်ကလေးအား ဆုတ်ကိုင်မိခဲ့စဥ်က ၊ သူ့အားပန်းပန်ပေးခဲ့စဥ်က ၊ ခေါင်းလေးအား ခပ်ဖွဖွပုတ်ခဲ့ပေးစဥ်က ၊ လက်ကလေးအားသေချာဆေးကြောပေးစဥ်ကရခဲ့သော ရင်ခုန်ခြင်းမျိုး ကျွန်တော်အခုခံစားနေရသည်။

ဆေးရုံဝန်းထဲရောက်ပြန်တော့ လူကြောက်သည့်ကောင်လေးက ကျွန်တော့်အနားအတင်းတိုးကပ်နေပြန်သည် ။

ဘေးပတ်ပတ်လည်မှလူများအား မလွတ်တမ်းငေးကြည့်ရင်း ကျွန်တော့်အင်္ကျီလက်မောင်းစကိုကိုင်ထားသေးသည် ။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now