အပိုင်း- ၂

6.2K 380 20
                                    

🌻Unicode 🌻

ကျွန်တော် ဆေးရုံကပြန်လာတော့ အားလုံးပြင်ဆင်ပြီးစီးနေသည့် မေမေ့ကိုတွေ့သည်။ အဝါရောင်ပိုးတွဲချိတ်ပေါ်တွင် လိမ္မော်ရောင်ဇာကွတ်ထားသည့် ဝမ်းဆက်နှင့် တင့်တယ်နေသည် ။

လက်ဝတ်လက်စားများက ပြောစရာမလိုအောင်ပြည့်စုံနေသည် ။ ရိုးရှင်းစွာလှပနေသည့်မေမေနှင့် အတူတွဲရပ်နေသည့်ဖေဖေကလဲ ထည်ဝါစွာ ။

ငုဝါရောင် ပုဆိုးနှင့်လည်ကတုံးသည် ဖြူဖွေးသည့်ဖေဖေ့အသားအရေကို ပိုဝင်းဝါသွားစေသည် ။ ခြေထောက်တွင်စီးထားသည့် ကတ္တီပါညှပ်ဖိနပ်နှင့်ဖေဖေက နေတိုးနှင့်ဆင်သည်ဟု ပြောရမည်ထင်သည် ။

"ဖေနဲ့မေပဲလှနေကြတယ်....ကျွန်တော့်ပုံကိုကြည့်ဦး"

အိမ်မှုန်စုန်မွှားဖြစ်နေသည့် ကျွန်တော့်ပုံစံသည် တော်တော်ကြီးဂါနေချေပြီ ။

"တကယ်ဆို....မေမေကသားကိုပါခေါ်ချင်တာ... သားပင်ပန်းနေလို့မခေါ်တော့တာ.....ဖိတ်စာမှာတောင် သားနာမည်ထည့်ထားသေးတယ်"

မေမေကိုင်ထားသည့် ဖိတ်စာနောက်ကျောကို ကျွန်တော်လှမ်းဖက်လိုက်သည် ။ ဦးစစ်မင်း+ဒေါ်ကလျာနွယ် ၊သား ဒေါက်တာ စစ်သူရမင်း။

"ကျွန်တော် ဆေးရုံမှာအကြင်နာကို သေချာပြောထားပါတယ်..."

"ဟုတ်ပြီသား....ကဲ မေမေတို့သွားမယ် "

ကျွန်တော်ခေါင်းညိမ့်၍အဖြေပေးလိုက်သည် ။ ကျွန်တော်အိပ်စက်ဖို့လိုနေလေပြီ ။ ကိုရေသွားစို့ ဟူသည့်အသံနှင့်အတူ ကားစက်နှိုးသံကိုပါကြားလိုက်ရသည် ။

"ကိုလေး... ခဏ ခဏ....."

မီးဖိုခန်းထဲမှပြေးထွက်လာသည့် အသင်းကိုကျွန်တော်လှည့်ကြည့်လိုက်သည် ။ ဟင်းမွှေဇွန်းကြီးကိုင်ထားသည့်အသင်းသည် ကျွန်တော့်နားကပ်လာလေသည် ။

"အသင်း.....ဘာကိစ္စလဲ..."

"ဟို...အသင်းစျေးသွားမလို့....ဟို....ကားလဲမရှိဘူးဆိုတော့"

"ဦးထွန်းနဲ့ဆိုက်ကားဌားပြီးတော့သွားဗျာ"

ကျွန်တော်အပေါ်ထပ်တက်လာတော့ အသင်း ထိုနေရာမှာတင်ပဲရှိနေသေးသည် ။ ခြံစောင့်ဦးထွန်းနှင့်မတည့်သည့်အသင်းကို တမင်တွဲလွှတ်လိုက်ခြင်းဖြစ်သည် ။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Tempat cerita menjadi hidup. Temukan sekarang