အပိုင်း-၂၈

3.7K 176 20
                                    

🌻Unicode 🌻

"ကျွန်တော်မုလာဥမကြိုက်ဘူးလေ"

"မုန်လာဥက ကျန်းမာရေးအတွက်ကောင်းတယ်လေ "

"ဒါပေမယ့် ကျွန်တော်မှမစားချင်တာ "

"စားရမယ်"

ကျွန်တော်ဖယ်ထားသည့် မုန်လာဥများကိုဇွန်းဖြင့်ခပ်ကာ ပန်းကန်ထဲလာထည့်ပြန်သည်။ဒါ အခုမှတက်သည့်ပြဿနာမဟုတ်။အကိုလင်းဆက်နှင့်ထမင်းစားတိုင်းတက်သညွပြဿနာသာဖြစ်သည်။

"ပဲသီးတွေဖယ်ပြန်ပြီ....အသီးအနှံတွေထဲမှာမှ အာဟာရတွေအများဆုံးပါတာနော်မှူး...စားရမယ်"

ဒီဆရာဝန်ကို ဘယ်လိုလုပ်ရပါ့မလဲ။ မကြိုင်ပါဘူးဆိုမှ အတင်းကိုကျွေးနေတော့သည်။

"ဒါဆို ကျွန်တော့်ကို ရေခဲမုန့်ဝယ်ကျွေးမလား"

"အဲ့တာတွေတအားစားရင်..ချောင်းဆိုးလိမ့်မယ်....ကိုပြောတာကိုနားထောင်"

"ပြောတော့...ရေခဲမုန့်တစ်ဆိုင်လုံးဝယ်ပေးမယ်လေးဘာလေးနဲ့..အခုကျပိတ်ပင်နေလိုက်တာ"

"ဟား...ဟား"

ကျွန်တော့်စကားကို အကိုလင်းဆက်ကသဘောတကျရယ်တော့ အားလုံး၏အကြည့်များက ကျွန်တော်တို့နှစ်ယောက်ဆီမှာ။

ဘေးကပါလာသည့် အေးချမ်းအောင်က တကယ့်ဂိမ်းသမား။ထမင်းစားရင်းဂိမ်းဆော့နေလို့ ကျွန်တော့်တို့ကို အာရုံမလာ။

ကျောင်းကန်တင်းလေးမှာ ကိုလင်းဆက်နှင့်ကျွန်တော့်ကို မသိသူမရှိ။အထူးသဖြင့် ဆရာဝန်ဖြစ်သည့် အကိုလင်းဆက်ကြောင့်ဖြစ်သည်။

မင်းတို့ကဘာတွေလဲလို့ မေးတဲ့အခါတိုင်း ကျွန်တော့်မှာဖြေစရာမရှိ။သူငယ်ချင်းလား ညီအကိုတွေလား။ဒါပေမယ့် ကျွန်တော်စိတ်ထဲတွင် ထိုထက်ပိုနေသလို။

"ကို မှူးနဲ့ရှိတဲ့အချိန်တိုင်း ပျော်နေမိတယ်"

"တစ်ခါတစ်လေ မှူးကိုလိုချင်တဲ့ဆန္ဒတွေက ထိန်းမနိုင်သိမ်းမနိုင်...ကြာရင်တော့ ကို့အတွက်ခက်လိမ့်မယ်"

မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးလျက် ထိုစကားများတွင် သိမ်ငယ်ခြင်းအပြည့်ဖြင့်။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now