အပိုင်း- ၁၉

2.7K 159 8
                                    

🌻Unicode 🌻

တက္ကသိုလ်ပထမဆုံးရက် ။
ကျွန်တော်ထင်ထားတာထက် အများကြီးပိုရင့်ကျက်နေသူ ၊ကျွန်တော်ချစ်ရတဲ့ကလေးငယ်။

အပြာနုရောင်လွင့်နေသောရှပ်အင်္ကျီလက်ရှည်နှင့်အနက်ဆန်သောပုဆိုးကွက်အား တွဲဖတ်ဝင်ဆင်ထားသည့်ကလေးသည် ကျွန်တော့်ရှေ့တည့်တည့်တွင် ရပ်နေလေသည်။

ကောက်ကွေးသောဆံနွယ်တို့သည် ဆီအကူအညီဖြင့် နေရောင်အောက်တွင် ရွှဲစိုတောက်ပနေသည်။ မျက်ဝန်းနက်တို့သည် ပုလဲလုံးလေးများကဲသို့။

ထူးခြားနေသည်က ပါးလွှလွှနှုတ်ခမ်းလွှာများသာဖြစ်သည်။ ချယ်ရီပွင့်ဖက်လေးတွေလို ပုံကျလှပသောနှုတ်ခမ်းသားများအား တွန့်ကွေးထားသည်။

ကလေး၏အလှအပတစ်ခုချင်းဆီအား ကျွန်တော်သေချာခံစားမိသည်။ ထိုအချိန်တိုင်း ရိုးအီခြင်းမရှိ ရင်ခုန်ရစမြဲ။

ဒီကာလတစ်လျှောက်လုံး ဒီကောင်လေးကျွန်တော့်အပေါ် အတော်သံယောဇဥ်ကြီး​​ကြောင်းနားလည်မိသည်။

ရည်းစားသက်တမ်း ၆ လကျော်အတွင်း ကျွန်တော်မကြိုက်တာဘာတစ်ခုမှ မလုပ်ခဲ့ဖူးပေ။

"ကိုကို.....နေပူနေပြီလေ"

"အမ်.....မှူး.....လာ...လာတက်လေ"

ခြံရှေ့မှာရပ်နေတဲ့မှူးက ကျွန်တော်စကားမစမချင်း တုတ်တုတ်မျှမလှုတ်။

"မေမေသားသွားတော့မယ်....အန်တီလေးသားသွားပြီ"

"ဟုတ်ပါပြီ....မေမေ့တက္ကသိုလ်ကျောင်းသားလေး"

မှူးက အန်တီတို့ကိုလက်ပြရင်း ကားပေါ်တက်လာလေသည်။ အားပါးပါး ဒီတက္ကသိုလ်ကျောင်းသားအလှကြိုက်ချက်။ ရေမွှေးနံ့ကိုတစ်ကားလုံးမွှန်လို့။

"အန်တီ....ကျွန်တော်တို့သွားပါပြီဗျ"

"ဟုတ်ပါပြီ.... ကိုစစ်ရေမင်းညီကိုအခန်းထဲထိလိုက်ပို့ပေးလိုက်နော်"

"ဟုတ်ကဲ့ပါအန်တီ"

မှူးမေမေနှင့်အန်တီအား နှုတ်ဆက်ကာကားမောင်းထွက်လာသည်အထိ မှူးကလက်ရမ်းကာနှုတ်ဆက်နေသေးသည်။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now