အပိုင်း- ၂၄

3.9K 162 17
                                    

🌻Unicode 🌻

စကားဝါပွင့်တွေ ​မြေပြင်ပေါ်ခုန်ဆင်းနေတာကြည့်ရင်းနဲ့ သုံးရက်တိတိကြာခဲ့လေသည်။ကျွန်တော့်အတွက်တော့ ရှင်သန်ဖို့ခက်ခဲခဲ့သော အနှစ်သုံးဆယ်နှင့်တူသည်။

သတိရမိတဲ့သူမှာ ပိုင်ဆိုင်သူရှိလာတဲ့အခါ ကျွန်တော်ဟာဘေးလူသာသာပါ။အစကတည်းက အပိုင်သိမ်းထားခဲ့သင့်တာ။

"ကိုမှူး....ကျောင်းသွားရတော့မယ်....ဆင်းခဲ့တော့"

"ဟုတ်.... အန်တီလေး"

ကျချင်နေသောမျက်ရည်တစ်စက်အား ပုတ်ခတ်ကာမှန်ရှေ့မှထလိုက်သည်။ကိုကို့အနားကိုရောက်ဖို့ဆိုရင် ပျော့ညံ့နေလို့မှမဖြစ်ဘဲ။

အောက်ထပ်ဆီမှ ရယ်သံသဲ့သဲ့ကြောင့် ကိုကိုဖြစ်စေဖို့ဆုတောင်းနေမိတာအကြိမ်ကြိမ်။ မဖြစ်နိူင်လဲ ဆုတောင်းမယ်။

ကြယ်ကြွေချိန်မှာ ဆုတောင်းမှပြည့်မယ်ဆိုလဲ ဒီညကြယ်တွေပြိုလာမှဖြစ်မယ်။

ခပ်သွက်သွက်ခြေလှမ်းတွေက အောက်ထပ်ဆီသို့ဦးတည်ဆင်းလိုက်သည်။

"မေမေ....."

ကျွန်တော့်အကြည့်များသည် မေမေ့ထံတွင်မဟုတ်။ မေမေနှင့်မျက်နှာချင်းဆ်ုင်ထိုင်နေသည့်လူဆီမှာ။

"မှူး......"

ငိုချင်တယ်။ကိုကို့ကိုသတိရလို့ငိုချင်တယ်။ကိုကိုမဟုတ်လို့ငိုချင်တယ်။

"အ...ကို....လင်းဆက်"

"အွန်း....အကိုလာလည်တာလေ"

ကျွန်တော်စိတ်ထဲကမပါစွာ ပြုံးပြလိုက်ပြီး မေမေ့ဘေးတွင်ဝင်ထိုင်လိုက်သည်။

"ကိုမှူး...သားနဲ့မောင်လင်းဆက်နဲ့ကအသိတွေဆိုဟုတ်လား...."

"အမ်...ဟုတ်...."

သဘောတကျပြုံးနေသည့်မေမေက ဘာကြောင့်များရယ်တော့မသိ။

"ကိုမှူး....မောင်လင်းဆက်ကလေ..အမေ့မိတ်ဆွေတစ်ဦးရဲ့သား သိတာတော့ကြာပြီကွယ့်......အခုသားတို့ချင်းကလဲသိနေကြတော့ မေမေတော့မင်းကိုစိတ်ချရပြီ"

"ဟမ်း...အကိုလင်းဆက်နဲ့က...အမေနဲ့က....သိနေကြပြီးသားပေါ့"

ကမ္ဘာကြီးကတကယ်ကျဥ်းကျဥ်းလေး။ဒါကြောင့် မေမေပြုံးနေတာကို။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now