« 1 »

17.1K 542 92
                                    

Unicode

အပိုင်းတစ်ပိုင်းချင်းဆီကလေနည်းနည်းဆီ
လိုက်ပြင်ထားတယ်နော် baeတို့ ရောက်တဲ့နေရာကစဖတ်ရင် နားမလည်တော့မှာဆိုးလို့ပါနော်

Unicode


ကားသွားကားလာရှုပ်နေတဲ့လမ်းမကြီးထက်
နက်ပြောင်နေသော ကားလေးတစ်စီးအရှိန်မြန်မြန်
နဲ့ဖြတ်ပြေးနေသည်။ မီးပွိုင့်မှမီးနီလေးသို့ပြောင်း
သွားတဲ့အခါတုံ့ကနဲရပ်သွားတဲ့ကားကလေး
အချိန်ကိုက်ဆိုသလို ဝင်လာသောဖုန်းလေး

"ဟယ်လို....မာမီ"

"သားဘယ်ရောက်နေပြီလဲ ဧည့်သည်တွေက
ရောက်တောင်နေပြီ"

"ရောက်တော့မှာ... မီးပွိုင့်မိနေလို့ပါ မာမီ"

"ဟုတ်ပြီ ... စောင့်နေမယ် မာမီတို့"

"ဟုတ်ကဲ့"

တည်ကြည်သောမျက်နှာဘေးဟာ ချောမော
လွန်းသည်ထက်ပိုသည်။ ဖုန်းကိုင်ကာပြန်လည်
ဖြေကြားနေသည့် ခပ်ဩဩအသံတို့ဟာဆွဲဆောင်မှုတစ်ခု... မီးလုံးလေးနီရာကစိမ်းသွားတော့
အရှိန်လေးတစ်ခုနဲ့ ပြန်မောင်းထွက်လာတဲ့ကား
လေးက ဒုံချာရပ်ကွက် မြောင်အင်လမ်းလေးဆီ... ။

လူချမ်းသာတွေနေတဲ့ရပ်ကွက်လေးရဲ့ လမ်းထဲကို
ထိုကားလေးဝင်သည်။ နန်းတော်တမျှကြီးမားတဲ့
ခြံကြီးရှေ့ကားရပ်ကာဟွန်းတီးလိုက်သည်။

ကမန်းကတမ်းအပြေးအလွှားနဲ့ ခြံစောင့်ဦးလေးကြီး
လာဖွင့်ပေးတော့စင်ဝင်အောက်တွင်ကားအမြန်
ရပ်ပြီးအိမ်ထဲဝင်လာခဲ့သည်။ လက်ဆွဲအိတ်ကိုင်
ကာ နက်ခ်တိုင် ကိုအနည်းငယ်ဖြေလျော့ရင်း
အိမ်ထဲဝင်လာတော့ ဧည့်ခန်းကမာမီနဲ့ဒယ်ဒီအပြင်
ဧည်သည်ဆိုသောသူတွေကိုကြည့်မိသည်။

အင်္ကျီအနက် ဂျင်းဘောင်းဘီအနက်ကလေးနဲ့
ခပ်ကျုံ့ကျုံ့ထိုင်နေတဲ့လူသားကိုမြင်တော့အံ့ဩ
နေသလို ပါးစပ်ကလည်း နာမည်စားလေးတစ်ခုကို
လွှတ်ခနဲထွက်သလာသည်။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now