« 11 »

3.4K 295 82
                                    

Unicode

တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ၍ လှုပ်လို့မရ
မျက်လုံးဖွင့်လိုက်တာနဲ့ခပ်စူးစူးအလင်း
ရောင်ကဆီးကြိုနေလို့ မျက်လုံးတောင်
မဖွင့်နိုင်တော့ဘဲ အသာလေးပြန်မှေးနေရသည်။

နှာခေါင်းထဲလှိုင်ထွက်နေ ဆေးရုံအနံ့ကိုရ
လိုက်တာကြောင့် သူဆေးရုံမှာမှန်းသိလိုက်ပြီ။
မျက်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်ကာ ဘေးဘက်
ကိုခေါင်းစောင်း၍ကြည့်လိုက်သည်။

ဖြူလွှသည့်လိုက်ကာတဖျတ်ဖျတ်လွှင့်နေသော
ပြတင်းပေါက်မှနေရောင်ကဖြာလို့ ကုတင်ပေါ်
ခေါင်းတင်ကာအိပ်နေတဲ့ငယ့်ကျောပေါ်ကျရောက်
လို့နေပေမယ့် အိပ်မောကျနေတဲ့ငယ်ကတော့မသိရှာ
ဘယ်ချိန်ရှိပြီလဲတောင်မသိ ဗိုက်ထဲကဆာလာသလို
အာခေါင်တွေတောင်ခြောက်ကပ်လို့နေသည်။

ဆုပ်ကိုင်ထားသောသူ့လက်ထဲကတစ်ခုခုကရုန်း
ထွက်နေသလို့တလှုပ်လှုပ်နဲ့မို့ နိုးလာတော့
ကင်မ်သတိရနေသည်။

" ကင်မ်... "

ဝရုန်းသုန်းကားထရပ်၍ကင်မ်အနားသွားလိုက်
ပေမယ့် ရုတ်တရက်အခြေနေမှာပြာယာကာ
ဘာလုပ်ရမှန်းမသိတော့ ‌ခေါင်းရင်းနံရံက
ခလုတ်ကိုမြင်မှ ဆရာဝန်ခေါ်ဖို့သတိရ၍
ဘဲလ်ခလုတ်ကို လေးငါးခါအဆက်မပြတ်နှိပ်
နေသည်။

" ရေ....ရေ "

" ဟင်...ဘာပြောတာလဲကင်မ် "

" ရေလို့... "

" ဪ ...ခဏလေနော် ရမယ်
ငယ်ထည့်လိုက်ဦးမယ် "

ပြာပြာသလဲနဲ့သူဟာလည်းရေကိုခွက်ထဲချက်ချင်းငဲ့၍
ကုတင်ကိုရေသောက်နိုင်မည့်အနေထားလောက်မြင့်ပြီး
ခွက်ထဲကိုပိုက်ထည့်ကာရေတိုက်လိုက်သည်။

" ယူဦးမို့လား "

ခွက်ထဲက်ုပိုက်နဲ့စုပ်သောက်နေရတာကြောင့်
အားမလိုအားမရဖြစ်နေတဲ့ကင်မ့် ကိုကြည့်၍
သူစိတ်မကောင်း ဗိုက်ကအနာကြောင့်ရေအများကြီး
သောက်ရင်ဗိုက်တင်းပြီးချုပ်ရိုးကွဲသွားမှာလည်း
စိုးရိမ်ရသည်။

သိပ်မကြာလိုက်ဆရာဝန်တွေဝင်လာတာကြောင့်
ခွက်ကိုခုံပေါ်တင်ကာ သူဖယ်ပေးလိုက်သည်။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now