« 6 »

3.2K 330 41
                                    

Unicode

အိပ်ယာနိုးတာနဲ့လ‌ှုပ်မရဖြစ်နေတဲ့ကိုယ်လေး
ကိုရုန်းလိုက်တော့ ခါးပေါ်ကဖက်ထားတဲ့လက်တွေကို
ဖြေလျော့ပေးပေမယ့်မလွှတ်ဘဲပြန်ဖက်ထားသည်။

အင်း အိမ်ထောင်သက် 45ရက်ကြာမှာတဖြေးဖြေးအဆင့်တက်လာတဲ့Skin shipလေးပေါ့ ဟိဟိ
တစ်ယောက်တည်းကျေးနပ်လို့
သူလည်းဘေးစောင်းအိပ်ရာကနေပလက်အနေထား
ပြောင်းပြီးသူ့ခါးပေါ်ကKimလက်မောင်းတွေ
ကိုပြန်ဖက်တွယ်ထားလိုက်သည်။သူခေါင်းဦး
ပေါ်ကျူးကျော်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
နေသောKimဆံပင်လေးတွေကိုလက်ပြန်
လေးနောက်ကနေထိုးဖွနေမိသည်။ဒါသူဖြတ်
သန်းချင်ခဲ့သောမနက်ခင်းလေးတစ်ခု

နာရီကြည့်တော့8နာရီ အင်းးးသူလည်းခွင့်ရတုန်း
လေးတစ်ခါတလေအိပ်မှာပေါ့ သူ့ခါးကိုတိုးဖက်ကာ
သူ့ပါးပြင်နဲ့ထိကပ်နေသောနှာတံချွန်ချွန်လေးနဲ့ပါ
ပွတ်နေတော့ သဘောတကျရယ်မိသည်။ ခြေထောက်
တွေကလည်းသူ့ကိုခွထားတော့ သူဖက်လုံးကျနေရော
နှစ်ခြိုက်စွာအိပ်ပျော်နေသော Kimကိုကြည့်ကာ
မနှိုးရက်တော့

Kimနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်တော့
သူလှုပ်လှုပ်ရွရွဖြစ်နေလို့ထင်တယ် မျက်မှောင်ကြီး
ကြုံ့သွားတတ်သည်။ အနီးကပ်မြင်နေရသော
မျက်နှာအစိတ်အပိုင်းလေးတွေကမြတ်နိုးဖွယ်အတိ
လွန်ခဲ့သော6လထဲကစွဲလမ်းခဲ့ရသောဤလူသား
ဟာအခုတော့ ကိုယ့်အပိုင်ဖြစ်လာပြီပေါ့လေ။

လွန့်ခဲ့သော 6လ ခန့်က...

နာမည်ကြီးဒိတ်ဒိတ်ကျဲ ဟန်ဆောင်းလုပ်ငန်းစု
ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ V ဆိုတဲ့ဟိုတယ်မှာသူ့ဒီဇိုင်း
တွေကိုသဘောကျလို့ အသစ်တိုးချဲ့မယ့်အိမ်ရာ
အသစ်မှာ သူတို့နဲ့လက်တွဲဖို့ သူတို့အေဂျင်စီကကို
ကမ်လှမ်းလာခဲ့ရာကနေKimနဲ့ဆုံဖို့အကြောင်းဖန်
လာခဲ့တယ်။

သူတို့အေဂျင်စီကနာမည်အတင့်အသင့်ရနေတာ
မှန်ပေမယ့်ဒီလို့ဒိတ်ဒိတ်ကျဲလုပ်ငန်းစုကြီးကသူတို့
ဘက်ကိုကမ်းလှမ်းတော့ တစ်ကယ်ကိုပျော်သွားခဲ့သည်
သူ့ရဲ့အိမ်မက်ကလည်း ဒီလိုနာမည်ကြီးလုပ်ငန်းစု
တွေကြား အကောင်းဆုံးအရည့်အချင်းတွေချပြရင်း
အေဂျင်စီလေးကိုတိုးတက်အောင်လုပ်ဖို့လေ။

𝗠𝘆 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗔𝗹𝗽𝗵𝗮 [ 𝙑𝙠𝙤𝙤𝙠 ]©✓Where stories live. Discover now